မော်ဒန် ဘုန်းဘုန်းလေး။
ဟဲလို...ဒကာကြီးလား...?
မှန်ပါ့ ဦးဇင်း ခမည်းတော်ပါဘုရား...။
သာယာလှပတဲ့နံနက်ခင်းတိုင်းမှာ
အရှေ့အရပ်ကထွက်လာတဲ့ နေလုံးကြီးကို
သကာဆမ်းထားတဲ့အပြုံးပန်းများနဲ့
ကြည့်နိုင်ပါစေ ဒကာကြီး...။
ဘုရားး တပည့်တော် ဦးဇင်းပြောတာ
နားမလည်ဘူးဘုရားး...။
အော် ဒကာကြီးကလည်း...
နေကောင်းကျန်းမာပါစေလို့ ပြောတာပါဒကာကြီး။
အော် မှန်ပါ့။
ဒါနဲ့ စကားမစပ်
မိုးကောင်းကင်က၊ တိမ်ညိုတွေ သူ့အလွမ်းသူ
မြိုသိပ်မထားနိုင်လို့ အန်ထုတ်လိုက်တဲ့ မိုးစက်မိုးပွင့်
တွေ ဒကာကြီး ရင်ဘတ်ထဲ ထိုးစိုက်သွားသေးလား။
ဘုရားး ဦးဇင်း တပည့်တော် နားကို မလည်ဘူး
ဘုရားး...။
အာ့ ဒကာကြီးကလည်း...
ရွာမှာ မိုးရွာသေးလား မေးတာဗျာ့။
အော် ရွာတယ်ဘုရားး
ဒီရက်ပိုင်း တော်တော်ရွာတယ်...။
အင်းး အင်းး ကောင်းတယ် ကောင်းတယ်...။
မိုးရွာတယ်ဆိုတော့သစ်ပင်လေးတွေရဲ့ ရင်ဘတ်
ထဲက အခက်အပွင့်တွေနဲ့ လှပတဲ့ ကမ္ဘာကြီးကို
ဖန်တီးဖို့ ရွာကလူတွေ မျက်နှာအားလုံးမှာ၊ အမုန်း
တွေ ကင်းစင်နေတော့မှာပေါ့ ဒကာကြီး..။
ဘုရားး နားမလည်ဘူးဘုရားး...။
အော် ဒကာကြီးကလည်း...မိုးရွာတော့ သစ်ပင်
ပန်းပင်တွေပွင့်တော့ ရွာကလူတွေ ပျော်နေကြမှာ
ပေါ့လို့ မေးတာဗျာ့...။
အော် တင်ပါ့ဘုရားး...။
ဒါပဲနော် ဒကာကြီး။
ဦးဇင်း မနက်ဖြန်အတွက် လှပတဲ့ဘဝတစ်ခု ထုဆစ်
နိုင်ဖို့ ဒီညခရီးကိုကျိန်းပြီး ဖြတ်သန်းလိုက်အုန်းမယ်။
ဘုရားးးးးး......။
အော် ဒကာကြီးကလည်း...
ဦးဇင်း ကျိန်းတော့မယ်လို့ ပြောတာ ဒါပဲနော်..။
မှန်ပါ့ မှန်ပါ့။
(ဒကာကြီးက ဖုန်းမချခင် သူ့ဘေးက အဒေါ်ကို
လှမ်းပြောသံ ကြားလိုက်ရသေးတယ်...။
ဘာတဲ့..၊
အစ်မရေ... နင့်တူတော့ တော်တော် စာတတ်နေပြီဟ..
ဗမာလိုပြောတာကို ငါနားမလည်တော့ဘူးဟေ့...)
ဂလွမ် (ဖုန်းချသံ)
~~~~~~~~
☺
Credit: May Than
