မန္တလေးသူတွေ “ကျွန်တော်….ကျွန်တော်” နဲ့ ပြောရသည့် အကြောင်းအရင်း
ဟုတ်တယ် မဟုတ်ဘူးလား မန္တလေးသူတွေ “ကျွန်တော်….ကျွန်တော်” နဲ့ပြောတာ ဘာကြောင့်လဲ ” အကြည်တော် “ ပြောမှပဲ သိရတယ်…….??
မင်းတုန်းမင်းကြီပေါ့… သိကြတဲ့အတိုင်း မိဖုရား ၅၀၀ နဲ့စံစားတာလေ။ ထို့အပြင်တောင်.. ၅၀၀ နဲ့မလုံလောက်ပဲ သူစက်တော်ခေါ်နေတုန်း အခန်းရှေ့ကခြေသံ ကြားတိုင်း..
ဟဲ့..ဘယ်သူတုန်း ”
ဟုလှမ်းလှမ်းပြီမေးတယ်-ရံရွေတော်တွေက
ကျမပါရှင့်”
ဆိုလျှင်..အသံသြကြီးနှင့်
ကျမဆို ဝင်ခဲ့လေကွယ် … ဟီးဟီး”
လုပ်တတ်လွန်းတော့ ရံရွေတော်တွေလဲ
စိတ်ညစ်ကြတာပေါ့
မင်းကြီးရှေ့ခြေဖွဖွပင်ဖြတ်မလျှောက်ရဲ…လျှောက်လိုက်လို့ကျမ်းပြင်က”ကျွီ”ခနဲမြည်သွားရင်တောင်
ဟဲ့ ဘယ်သူတုန်းးး”
ဆိုပြီးမေးတော့ ရံရွေတော်တွေလဲဘုရင်က
မေးတော့ဖြေရတာပေါ့
ကျမပါ ရှင့်”
ကျမဆို လာခဲ့အုံးကွဲ့
ထိပါများတော့ ရံရွေတော်တွေလဲ အထဲမဝင် ကြရအောင်တိုင်ပင်ကြတယ်
နောက်ဆုံးမှာအ ဖြေတခုထွက်လာပြီး အရဲစွန့်ကြည့်ဖို့ဆုံး ဖြတ်လိုက်ကြတယ်
ထိုအရာကား မင်းကြီးအခန်းရှေ့ ဖြတ်လျှောက်
တဲ့အခါ အရင်လို ခြေမဖွပဲ ခြေသံခတ်ပြင်းပြင်း
နဲ့ လျှောက်ကြည့်ကြတယ်
ထုံးစံအတိုင်း “ဟဲ့…ခြေသံပြင်းပြင်နဲ့…ဘယ်သူတုန်း!!” ဆိုပြီးလုပ်ကြန်ရော… အဲ့ဒီမှာ ရံရွေတော်လေးက အရဲစွန့်ပြီး အသံလေးပါသြပြီး
ကျွန်တော် ပါမင်းကြီး”
ထိုအခါမင်းကြီလည်း စိတ်မသက်မသာအသံ
ကြီးနဲ့……..
ကျွန်တော်ဆိုသွား ကျွန်တော်ဆိုရင်သွား ”
ဆိုကာမှ ရံရွေတော်တွေလဲ လွတ်လပ်စွာသွား
လာနိုင်ကြတော့သတဲ့
အကြံအောင်မြင်သွားကြတဲ့ ရံရွေတော်တွေလဲ အခန်းရှေ့ဖြတ်လျှောက်တိုင်း ခြေကျင်းကြီး တွေဝတ်ပြီး တဒုံးဒုံးနဲ့ဖြတ်လျှောက်ကြတော့ တယ်တဲ့…. မင်းကြီးကတော့ အသံကြားရင်
ဟဲ့ … ဘယ်သူတုန်း ”
ကျွန်တော် ……ကျွန်တော် ”
အေး … ကျွန်တော်ဆိုရင် လစ်ချင်သလိုသာ
လစ်လိုက်တော့”
ဤသို့ဖြင့်….မန္တလေးသူများသည် ” ကျွန်တော် …ကျွန်တော် ” ဟုပြောဆိုသော အမူအကျင့်နှင့် ခြေကျင်းဝတ်သော အလေ့အထ ထိုအချိန်က စသည်ဟူ၏
Credit: အကြည်တော်
