မြို့တစ်မြို့သို့ လူပျို တရားသူကြီး တစ်ယောက် ပြောင်းရွှေ့လာသည်



မြို့တစ်မြို့သို့ လူပျို တရားသူကြီး တစ်ယောက် ပြောင်းရွှေ့လာသည်။ လူပျို ဘဝ ပျော်ပါးချင်လာ သောကြောင့် တပည့် ဖြစ်သူအား ပြည့်တန်ဆာ ခေါ် ခိုင်းလေသည်။ ပြည့်တန်ဆာမလေး ရောက်လာသောအခါ လူပျိုတရား သူကြီးက မပျော်ပါးခင် ကျီဆယ်သည့် အနေဖြင့်စကား စမြည်း ပြောလေသည်။

” အသက် ဘယ်လောက်လဲ ညလေး ”

” ၁၉ နှစ်ပါ ကိုကြီး ”

” နာမည်လေး ကကော ”

” အေပရယ် ပါရှင် ”

” ဒါမျိုး လုပ်စားတာ ကြာပြီလား ? ”

” ကြာသေးဘူး ရှင့် ”

” နေတော့ကော ”

” ပြည့်တန်ဆာ အခန်းမှာပဲ နေတယ် ကိုကြီး ”

လူပျိုကြီးမှာ တစ်ဦးနှင့် တစ်ဦး ရင်းနှီးမှု ရစေရန် အစ ရှိသည့် မေးခွန်းများ မေးပြီးနောက် ပျော်ပါးလေသည် ။

တပတ်ခန့် အကြာ

အေပရယ် ဆိုသော ပြည့်တန်ဆာ မလေးမှာ ပည့်တန်ဆာမှု တစ်ခုဖြင့် ရဲမှ ဖမ်းဆီး၍ တရားရုံးသို့ ပို့ဆောင်လာသည်။ လူပျိုတရားသူကြီးမှ တရာခံ ပြည့်တန်ဆာ မလေးအား မြင်လိုက်သော အခါ မိမိနှင့် ပျော်ပါးခဲ့ဘူးသော ကောင်မလေး ဖြစ်နေ သောကြောင့် မျက်နှာ ပျက်သွား လေတော့သည်။ ပျက်သွားသော အမူရာအား ပြန်ထိမ်းကာ အမှု စ စစ်လေ တော့သည် ။

“တရာခံ မိန်းကလေး အသက်ဘယ်လောက်လဲ?

ပြည့်တန်ဆာမလေး မှာလဲ ယခင် ပျော်ပါးခဲ့စဉ်က အမေး အမြန်း ထူးသော တရားသူကြီးအား အကုန် ပြောပြခဲ့ဘူး သဖြင့်

“သူ…သိသားနဲ့” ဟု သာဖြေလေသည်။

တရားသူကြီးမှာ အရှက်ကွဲတော့မည့်အရေး တွေးပူကာ ကြောက်ရွံ့လာမိသည်။ နောက်မာန်တင်းကာ ချောင်းဟန့်၍ ထပ်မံအမှုစစ်ပြန်သည်

“အဟမ်း…အဟမ်း တရားခံ နာမည်ဘယ်လိုခေါ်လဲ?

“သူ…သိသားနဲ့”

“ဟိုက်…

“တရားခံ ဘာအအလုပ် လုပ်သလဲ ”

“သူ…သိသားနဲ့”

ငင့်…

“တရားခံ ဘယ်မှာနေလဲ”

“သူ…သိသားနဲ့”

တရားခံ မိန်းကလေးမှာ မေးသမျှ မေးခွန်းတိုင်းအား သူသိသားနဲ့သာ ဖြေဆိုနေသဖြင့် ထမ်မံစစ်လျှင် အရှက်ကွဲတော့မည့် အရေး ကြုံလာနိင်သောကြောင့် တရားသူကြီးမှာ ဆက်လျှက် မစစ်ဆေးတော့ပဲ အမိန့်ချမှတ် လေတော့သည်။

“အမိန့်ချမယ် နာခံစေ တရားခံမှာ အသိဥာဏ်ယိုယွင်းကာ ဦးနှောက် ချို့ယွင်းနေသောကြောင့် အမှုမှ ကွင်းလုံးလွတ်စေ” ဟူသတည်း။ 😁😁😁

Credit : မူရင်းရေးသားသူ
Powered by Blogger.