ယောက်ျားတွေက အဲလိုပဲလား



ဇနီးဖြစ်သူ နေမကောင်းသဖြင့် ဆေးရုံတင်ထားစဉ် ခင်ပွန်းလုပ်သူက လူနာခန်းတွင် ပြုစုပေးနေသည်.. ရောဂါဝေဒနာ ခံစားနေရသော ဇနီးသည်က ခင်ပွန်းဖြစ်သူအား မေးလိုက်သည်။
-
ခင်တော့ သေမယ်ထင်တာဘဲမောင်
-
မင်းကလည်းကွာ..လျှောက်ပြောမနေစမ်းပါနဲ့
-
ခင်မရှိတော့ရင် မောင်နောက်အိမ်ထောင်ပြုမှာလားဟင်
-
မင်းကလည်းကွာ..လျှောက်ပြောမနေစမ်းပါနဲ့
-
ခင်သာမရှိရင် နောက်မိန်းမက ခင့်ဗီရိုထဲကအ၀တ်တွေ ယူဝတ်တော့မှာဘဲ..
-
မင်းကလည်းကွာ...လျှောက်ပြောမနေစမ်းပါနဲ့
-
ခင့်အလှပြင်ပစ္စည်းတွေလည်းယူသုံးမှာဘဲနော်
-
မင်းကလည်းကွာ...လျှောက်ပြောမနေစမ်းပါနဲ့
-
ခင်ဝယ်ထားတဲ့ဖိနပ်အသစ်လေးလည်း စီးနေတော့မှာဘဲ..
-
စိတ်မပူပါနဲ့ကွာ.. သူကမင်းနဲ့ ဖိနပ်ဆိုက်မတူပါဘူး.. အယ်...တိန်..သွားပြီ
-
ဟင်..သေနာကြီး

Credit : Original Writer
Powered by Blogger.