တစ်ခါမှ အိမ်ဖော်မခေါ်ဖူးလို့ အခုမှ အိမ်ဖော် ခေါ်ကြည့်လိုက်တာ



အိမ်မှာဒီနေ့ အိမ်ဖော်အသစ်ရောက်မယ်တဲ့ … တစ်ခါမှအိမ်ဖော်မခေါ်ဖူးပဲ အခုမှအိမ်ဖော်ခေါ်ကြည့်မယ်ဆိုပြီး ခေါ်ထားတာ … ရောက်လာပါတယ် မယ်မင်းကြီးမ …

အသားကမဲခြောက်ခြောက် ပုပု၀၀နဲ့ အသက်က ၁၅ ၁၆ လောက် … ဒင်းကအိမ်ပေါ်တက်လာတည်းက ဖုန်းကပွတ်နေတယ် … ဘာလားဟပေါ့ … ကျုပ်မှာလည်း အင်တာဗျူးဖို့က တာဝန်ရှိသကိုး …

“ညီမလေး နာမည်ဘယ်လိုခေါ်လည်း ”

“ေဖ့စ္ဖုတ္က နာမည္လား အျပင္ကနာမည္လားကြီး”

“ငင် ဘိုလို ”

“အော် ပိန်းလိုက်တာ ဖွဘုတ်နာမည်က Pinky Cuttie Lovely Angel Red တဲ့ … ”

“ငင် ဘယ်လို ဒါနဲ့ နာမည်အရင်းကရောဟင်”

“အေးသိန်း ”

အော် ဘာမှကိုမဆိုင်တာ … ထားပါတော့လေ

“ညည်းက ဖေ့ဘုတ်လည်းသုံးတတ်တာပဲလား ”

“အို လူများ အထင်စမောလို့ ညည်းလို့ခေါ်စမ်းပါနဲ့ ခလိန်းလို့ခေါ်”

“သေပျဇေတော့ ခလိန်းတဲ့ သူ့အခွက်ကို …”

“အေးအေး ခလိန်းက ဖွဘုတ်လည်းသုံးတတ်လား ….”

” အမယ်သုံးတတ်ပါ့ .. ကျုပ်မှာ ဖရန့်၅၀၀၀ ဖော်လိုအာ သုံးထောင်လောက်တောင်ရှိသေး … ဆယ်လီတော့ ”

အော် ဆယ်လီအိမ်ဖော်နဲ့တောင် လာတိုးနေတယ် ငါ့နှယ့် … ပြောရင်း ငတိမက လက် ၂ချောင်းထောင် ဆယ်ဖီတောင် ကောက်ဆွဲလိုက်သေး … ပြီးတော့ ကျုပ်ဘက်လှည့်ပြီး

” ကွီးအကောင့်နာမည်ကဘာတုန်း ”

” Aung Phone ဘာလုပ်မို့တုန်း … ”

” အပ်ထားမယ်လေ သူငယ်ချင်းဖြစ်အောင် ငှယ်ငှယ် … တမီး ခုတင်ထားတဲ့ပုံအောက်မှာ အရမ်းခရုတယ် အပ်မီခေးလို့ ဝင်ရေးလိုက် လာအပ်ပေးမယ် ”

အော် မျက်ရည်လေးတွေတောင်ဝိုင်းတက်လာတယ် … အိမ်ဖော်က ကိုယ့်အိမ်မာပုံရိုက်တင်တာကို ကိုယ်ကအောက်ကနေ Add Me ခေးရော ခရုတယ်ရောဝင်ရေးရမယ်တဲ့ … အောင်မလေး ဆယ်လီအိမ်ဖော်

” နေစမ်းပါအုန်း နင်ကအရင်က အိမ်ဖော်လုပ်ဖူးလား ”

” လုပ်ဖူးပါဘူး အိမ်မာခြေမွေးမီးမလောင် လက်မွေးမီးမလောင်နေလာတာ ဘာအမွေးမှမီးမလောင်ဘူး ကျိမလား ”

” တော်ပါပြီ မယ်မင်းကြီးမရယ် …ဒါဆို ညည်းက ဘယ့်နယ်အိမ်ဖော်လာလုပ်နေတာတုန်း ”

” အဒေါ်ကအိမ်မာ ဖုန်းပဲပွတ်ပြီး ဘေလ်ပဲတောင်းနေလို့တဲ့ သောက်မြင်ကတ်လို့လွတ်လိုက်တာ ”

” အော် နင့်အဒေါ်မပြောနဲ့ ငါတောင်အတော်သောက်မြင်ကတ်နေပြီ ”

” ကွီးကလည်း အာ့လိုမပြောပါနဲ့ ခလိန်းက တိုင်လိုက်မာနော် ပုံရိုက်ပြီး ဖွဘုတ်ပေါ်ဖွပလိုက်မယ် ဘာမှတ်နေလည်း ”

” အော် ကြောက်ပါပြီ … ဟိုလေ အိမ်ဖော်က ခုမလိုသေးလို့ အဟီး အာ့လေ ခလိန်းက အိမ်ပြန်လိုက်တော့နော့် အိမ်ကအဝတ်တွေလည်း ကွကိုယ်လျှော်မယ် သိလား ထမင်းဟင်းလည်း ကွကိုယ်ချက်တော့မယ် … ညလေးက အိမ်ပြန်နော်နော် ”

” ပြီးတာပဲ လျှော်ကြေးပေး ပြီးရင်ပြန်မယ် ”

” ငါနင့်ကို ဘာလုပ်လို့လည်းဟာ နိုချင်လာပြီ ငါ့ငါအိမ်အလုပ်လုပ်မယ်ပြောတာကို ဘာလို့လျော်ရမာတုန်း ” ဟုတ်တယ်

” အို့ လူကိုခေါ်ပြီး အလုပ်မခန့်တော့ ဒါ သက်သက်စော်ကားတာ ၃၇၆ပဲ … ”

” ဟယ် ၃၇၆ က ဟိုဒင်းလေ ငါက ဘာမှမဟိုဒင်းဘူးလေ ”

” အလုပ်ပေးမယ်ဆိုပြီး ပြန်ခိုင်းတာ စော်ကားတာမဟုတ်ဘူးလား ”

” အွမ် ”

” ဖွဘုတ်ပေါ်ရောက်သွားမယ်နော် တိတယ်မို့လား တမီးက ဆယ်လီ ”

” ငွဲ ” ငိုပြီလေ

လျော်မယ် လျော်မယ် ရော့ဆိုပြီး ပိုက်ဆံထုတ်ပေးလိုက်တော့မှငတိမက ထွက်သွားတယ် … ဖုန်းလေးပွတ်လို့ လမ်းထိပ်မာတောင် တက်စီငှားရင်း ဆယ်ဖီဆွဲသွားသေး …

သူ့အကောင့်လေးတက်ကြည့်တော့ တက်စီပေါ်မှာ ဘာတဲ့ အိမ်က ဒရိုက်ဘာလေး နေမကောင်းလို့လာကြည့်တာတဲ့ ခုအိမ်ပြန်နေပြီကားပေါ်မာတဲ့ … ဆိုပီး ကျုပ်ပေးတဲ့ပိုက်ဆံလေးကိုင်ပြီးတင်ထားတာ … အမလေး ကြောက်ပါပြီဗျ …

အာ့တည်းက အချိုးကိုပြေသွားတာမှ ခုဆို ထမင်းဟင်းလည်းချက်နေပြီ … အဝတ်လျှော် ကြမ်းတိုက်လည်းလုပ်နေပြီ … အပိုးကိုကျိုးလို့ …

Credit: မူရင်းရေးသားသူ
Powered by Blogger.