ဖြတ်ပစ်လိုက်တော့



ကျနော့်ရဲ့ ညာဘက် ဒွေးဂျိက စိမ်းနေလို့ ဆရာဝန်ကို သွားပြရတယ် ။
ဆရာဝန်ကလည်း သေချာ စမ်းသပ်ကြည့် ပြီးတော့

" အင်း .... ဒါလိုမျိုးက ကြာကြာ ထားရင် အသက် အန္တရာယ် ရှိတယ်
ဖြတ်ထုတ်ပစ် ရမယ် " ....

အင်းလေ ....
ကိုယ့် အသက် ထက်တော့ ဘာက ပို အရေးကြီး ဦးမှာလဲ ။
ရပါတယ်၊ ကိစ္စ မရှိဘူး၊ တလုံးတော့ ကျန်သေးတာပဲ ။
ဖြတ်ပ လိုက်တယ် ။

နောက် တလလောက် ကြာတော့
ဘယ်ဘက်က ဒွေးဂျိက ထပ်စိမ်းလာ ပြန်တယ် ။
ဆရာဝန်ဆီ ပြေးရပြန်တာပေါ့။
ဆရာဝန်က
" အင်း .... အသက် အန္တရာယ် ရှိတယ် ဆိုတော့ ဖြတ်ပစ်ဖို့ပဲ ပြောရမှာပဲ "

အင်းပါလေ ... အသက်ထက်တော့ ဘာက ပိုအရေးကြီး ဦးမှာလဲ ။
အရမ်း နှမြောပေမယ့် ဖြတ်ပလိုက် ပြန်တယ် ။

နောက်ထပ် တလလောက်ပဲ ရှိသေးတယ်
ကျန်တဲ့ အတံလေး စိမ်းလာပါရောဗျာ ။
ဆရာဝန်ကို ပြန်ပြကြည့်တော့ ....
ဆရာဝန်က ...

" ကျနော် ယောက်ျားချင်း ကိုယ်ချင်းစာ ပါတယ်ဗျာ
ဒါပေမယ့် အသက်ဘေး ကလည်း ရှိသေးတယ် ဆိုတော့
ဖြတ်ထုတ်ပစ် ဖို့ကိုပဲ တိုက်တွန်းပါရစေ "

" အီး ... ဟီး .... ဟီး
ကောင်းသလိုသာ လုပ်ပါတော့ ဒေါက်တာရယ် အ ဟီး ဟီး ..."

ဖြတ်ပီးတော့ လမ်းလျှောက်ရတာ နည်းနည်းတော့ ပေါ့တော့တော့ ဟာတာတာ ဖြစ်သွားတယ် ။
ရှိသမျှ အကုန်လုံး ဖြတ်ပီးလို့ တပတ်ပဲ ကြာလိုက်တယ် ။
ပေါင်ခြံ တစ်ခုလုံး စိမ်းလာပြန်တယ် ။
ဆေးခန်းပဲ ပြေးရတော့တာပေါ့ ။

ဒီတခါမှာတော့ ဆရာဝန်က အကြာကြီး စမ်းသပ်ပါတယ် ။
ပြီးတော့ ဆရာဝန်ရဲ့ မျက်နှာကြီးက ငိုမဲ့မဲ့ ဖြစ်လာတယ် ။

" ခင်ဗျားရဲ့ အတွင်းခံ ဘောင်းဘီကို လွှင့်ပစ်လိုက်တော့ဗျာ
အရောင် ကျွတ်နေတယ် "

" တိန် "

Credit: မူရင်းရေးသားသူ
Powered by Blogger.