ညီမကိုချစ်ရင် ညစာ စားသွားပါလား အစ်ကို



” လာ – – သယ်ရင်း မင်း တို့ရပ်ကွက်ထဲ ရောက်တုန်း ရောက်ခိုက်လေးဆော်ချောလေးအိမ် လိုက်ပို့မယ် ”

” ဖြစ်ပါ့မလားကွာ ”

” ဖြစ်ပါတယ်ကွ တို့ဆီက ဧည့်သည်လာရင် မသိလည်း ရိုက်မထုတ် တတ်ပါဘူးဧည့်ဝတ်ကျေအောင် ဧည့်ခံကြပါတယ်ကွ ”

” အဲ့တာ ဆိုရင်လည်း သွားကွာ ”

” လာ – – ရှေ့ကအိမ်ပဲ ”

” ဒေါ်လေး ဒေါ်လေးရေ အလည်လာတယ်ဗျို့ ”

” ဒေါ်လေးရေ – – ”

” ဟေ – – လာပြီ နင်တို့ ခေါ်တာနဲ့ ချီးကို ပြီးအောင် မပါခဲ့ရ ပါဘူးအေ ”

အော် – – သူ ချီးပါတာ ပြီးမပြီးကို အရင်သိအောင် စုံစမ်း ထားရမလို ဖြစ်နေပြီအိမ်သာထဲ ဆိုတော့ ကိုယ်မှ မမြင်ရတာ – –

” သမီးရေ – – ”

” ရှင် အမေ ”

” အေးကွယ် လာပါဦး ခဏ ”

” လာပြီအမေ ဒီမှာ နှစ်ပင်တည်း ကျန်တော့တာ ”

” ဟဲ့ – – ဘာတုန်းဟဲ့ ”

လခွမ်း ဘာတုန်းဟ – – ဘာမွှေးတွေ နှုတ်နေတာ ပါလိမ့် – –

” ဟို – – ဂျိုင်းမွှေး နှုတ်နေတာပါ အမေရဲ့ ပြီးပြီ ”

” တော်ပါသေးရဲ့ – – ”

” အေး အေး လာပါဦး ဒီမှာ နင့်အကိုတို့ စားဖို့ ကြောင်အိမ်အောက် က ထိုးမုန့် ယူခဲ့ပါဦး ”

အမ် ကြောင်အိမ်ပေါ်ကလည်း မဟုတ်ဘူး

” ဟုတ် အမေ ဒီမှာ ပုရွှက်ဆိတ်တွေ တက်နေတယ် ”

” အေး မီးခဏ ကင်လိုက် ”

” မီးက သေနေပြီ အမေရဲ့ ”

” ဟုတ်လား အဲ့တာဆို ခဏနေက ခွင်ပေါ်က ချထားတဲ့ ဝက်စာအိုးပေါ် တင်ထားလိုက် ပူသေးတယ် အဲ့တာ ”

စားရမှာတောင် ပါးစပ်တွေ ကျိန်းလိုက်တာ – –

” ကဲ – – ရပြီကွယ် စားကြ အဲ့ဒီမှာ ”

” ဟုတ် ဒေါ်လေး ”

” ဟို – – ဖဲ့မရဘူး ဖြစ်နေတယ် အဲ့တာ – – ”

” အော် အေး အေး သမီးရေ ဝက်သား ခုတ်တဲ့ ဓါးမကြီး ယူခဲ့ပါ ဦးကွယ် ”

” တော်ပြီ ရတယ် – – ရတယ် ဒေါ်လေး ဒီတိုင်းပဲ ဝါးရသလို ဝါးတော့မယ် ”

ဒီထိုးမုန့် စားမယ့် အစား ကြက်ပေါင်ဖိနပ်တာ ပြေးကိုက်ချင်တယ် ငါနော် – –

” အကိုတို့ စားခဲ့ကြပြီလား ”

” ဟုတ် ”

ဟင် – – ကောင်မလေး အောက်စလွှတ် နေတာပါလား – –

” ဒေါ်လေး – – ဒေါ်လေး ဒေါ်လေး သမီးကို ကြည့်ပြောပါဦး ”

” အမယ် ဘာလဲ ငါ့သမီး လှတာကို ပြောမလို့ မို့လား သိပါတယ် ”

” အမ် မဟုတ် – – မဟုတ်ဘူး ဒေါ်လေးရဲ့ ဒေါ်လေးသမီး အောက်က ပေါ်နေတယ် ပြောတာ ”

” ဟင် – – သမီး နင်ဘယ်လို ထိုင်နေတာလဲ အဲ့တာ ”

” ဟီး – – ကန်တော့နော် အကိုတို့ကလည်း ညီမကို မပြောဘူး ဟွန်း ဒါမဲ့ ဘောင်းဘီတော့ ပါပါတယ် ”

” အဝါရောင်လေး မလား ”

” ရှင် ”

” နှင်းဆီပွင့်လေးတောင် ပါသေးတယ် ”

” ဟမ် မဟုတ် – – မဟုတ်ပါဘူး ဟို ယောင်သွားလို့ အလကားပြောတာ ဘာမှမြင်ဘူး ”

” ဟို – – အမေ သမီး ခုမှ သတိရတယ် ခဏနေက အိမ်သာတက်တာ ရေမရှိလို့ ဒီတိုင်း ထားခဲ့တာ ခု ရေသွား ထည့်လိုက်ဦးမယ် ”

” ဖြီး – – ဖူး ”

” ဖြည်းဖြည်းစားပါ သားတို့ရယ် နင်သွားတာလား ဒေါ်လေး ရေခပ်ပေးမယ် ခဏ ”

” ဟုတ် ဒေါ်လေး ”

” ဟဲ့ ဒီက သောက်ရေအိုးက ရေခွက်တွေ ဘယ်ရောက်ကုန်တာလဲ အဲ့တာ ”

” အမေ ဒီမှာဗျို့ – – အငယ်ကောင် ရေခွက်တွေထဲ ဖုန်တွေ ထည့်ဆော့နေတယ် ”

” နေဦး – – နေဦး ဒီကောင်လေးတော့ ပေး – – ပေး ဒီမှာ နင့်အကို တို့ကို ရပ်ခပ်တိုက်ရ ဦးမယ် ပြီးမှဆော့ ”

ခံစမ်းဟ အဲ့တာမှ – –

” သမီး နင့်အကိုတို့ ညနေစားဖို့ ဟင်းကို လမ်းထိပ်နားက သွားဝယ်လိုက်ဦး ”

” အင်း အမေ ဘယ်ဆိုင်က ဝယ်ရမှာလဲ ”

” အော် နင်ကလည်းဟယ် နေ့တိုင်း ဝယ်နေကျကို မသိဘူးလား ဖိနပ်ချုပ်တဲ့ ကုလားဆိုင်လေ ”

” ဗျာ – – ဖိနပ်ချုပ်တဲ့ ကုလားဆိုင်”

” အော် – – ဒီလိုပါကွယ် သူက ဖိနပ်ချုပ်ရင်း ထမင်းဟင်း ရောင်းတာလေ ဆိုင်ကို တွဲဖွင့်ထားတာ ”

” ဒေါ်လေး – – ဟို – – ဟိုလေ ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်နော် ”

” နေပါဦး ငါ့တူတို့ရယ် ညနေစာ စားပြီးမှ ပြန်ပါလား

ဟိုမှာ နင့်ညီမလည်း အိမ်သာ အနောက်ဘက်က အလေ့ကျ ပေါက်တဲ့ ကန်စွန်းရွက်တောင် ခူးနေပြီကို ”

” ရ – – ရတယ် ဒေါ်လေး မစားတော့ပါဘူး သွားလိုက်ဦးမယ်နော် ”

” ကောင်လေးတို့ ညစာကော မစားကြတော့ဘူးလား ဒီထိုးမုန့်လေး ယူသွားပါဦးလား ”

” အိ – – တော်ပီဂျ ဗိုက်ပြည့်နေလို့ သွားပြီ နောက်လည်း မလာတော့ဘူး

ဟုတ်ပေါင် နောက်မှ လာခဲ့မယ် ပြောတာပါ – – ”

” ဟဲ့ – – ဟဲ့ ကောင်လေး ဒီမှာ ဦးထုပ်ကျန်ခဲ့ပြီ အမ် ဟင် – –

ဘယ်ရောက် သွားကြပါလိမ့် မြန်တာ ငနာလေးတွေ –

Credit : Original Writer
Powered by Blogger.