ထုသင့်ပါတယ်



“ဟေ့ကောင် ငြိမ်းချမ်း ၊ မနေ့က မင်း နဲ့ မင်းညီ အေးချမ်း ဒေါ်ဘုတ်ဆုံ တို့ အိမ်ကို ခဲနဲ့ ထုလို့ ရပ်ကွက် ရုံးမှာ သွားရှင်းရ တယ်ဆို ”

“ဟုတ်တယ်”

“မင်းတို့ နှစ်ကောင် ကလည်း တော်တော် ဆိုးပါလား ၊ ဒေါ်ဘုတ်ဆုံ ဆိုတာ ဘုရား တရား နဲ့ နေတာ ၊ ဘာလို့ ခဲ နဲ့ ထုရတာ တုန်း”

“သူ ဆုတောင်း နေတာ ကြားတဲ့ အချိန် ဒေါသ ထွက် မိသွား လို့ပါ”

“ဟ ၊ သူ ဆုတောင်း တာကို မင်းတို့ ညီအစ်ကို က ဘာလို့ ဒေါသ ထွက် ရ တာတုန်း”

“ငါတို့ ညီအစ်ကိုက ခုမှ ဆယ်တန်း စာမေးပွဲ ဖြေထား ပြီး တာ​လေ ၊ အောင်စာရင်း တောင် မထွက် သေးဘူး”

“အင်း​လေ”

” အဲ့ဒါကို ဘုရား ရှိခိုး ပြီး ဆုတောင်း နေတာ ၊ ငါတို့ ညီအစ်ကို နာမည်နဲ့ ကျိန်​ပြီး ဆုတောင်း နေတာ”

“ဘယ်လို ဆုတောင်း လို့လဲ”

“အေးချမ်း ကျ ပါစေ ၊ ငြိမ်းချမ်း ကျ ပါစေ” တဲ့

“တိန်”

Credit:kaungmalay
Powered by Blogger.