ရည်းစား ရလာတဲ့ ညီမက အစ်ကို ဖြစ်သူကို ၀မ်းသာအားရ လာပြောပြသောအခါ



“ကိုရီး … ဝမ်းသာစရာ​ပြောဖို့ ရှိတယ်​သိလား … ”

“အမယ်​ … ဘာကိစ္စလဲ ”

ကျုပ်​ညီမ​ဗျ … မျက်​နှာကစပ်​ဖြဲဖြဲနဲ့ … ဘာကိုမဟုတ်​တာ​ပြောဦးမယ်​ မသိဘူး

“တကယ်​ ဝမ်းသာစရာ သိလား ”

“​အေးပါ ဘာဖြစ်​လဲ ”

“ညီမ​လေး ရည်းစားရပြီ​တော့ ”

ငစ်​ … ရည်းစားရတာကို အစ်​ကိုဆီဝမ်းသာအားရ လာ​ပြောတယ်​လို့​ဗျာ တစ်​ခါမှကိုမ​တွေးဖူးဘူး ထလုပ်​ရင်​ ကျုပ်​ကအနိုင်​ကျင့်​တယ်​ဖြစ်​ဦးမယ်

“ဒီမယ်​ ​အေးပုံ ရည်းစားရတာ ငါ့ကိုလာ​ပြောရလား ငါ့နှယ်​ အ​ဖေနဲ့တိုင်​လိုက်​ရ ”

“ကိုရီး ဘာသိလို့လဲ ဒီတစ်​ခါက ဟိုဖက်​ရွာက ကိုဖိုး​ထောင်​နဲ့ ”

“ကျစ်​ … ​ပြော​လေကဲ​လေ ”

ကျုပ်​ညီမက အဲသလို … လုပ်​ချင်​ရင်​ဇွတ်​ … အစ်​ကိုနဲ့မတူတာက တည်​တည်​ငြိမ်​ငြိမ်​မရှိတာပဲ ဒါ​ပေမယ့်​​ဗျာ … ကိုယ့်​ညီမရည်းစားထားဖို့​အ​ရေးဘယ်​အစ်​ကိုက နှစ်​မြို့မလဲ​ဗျ …

“နင့်​အသက်​က ခုမှငယ်​ငယ်​ရှိ​သေးတယ်​ ဒါ​တွေလုပ်​စရာလားအေးပုံရဲ့ ”

“ကိုရီးကလဲ … ဘုရား​ဟောရှိတယ်​​လေ ”

“ဟမ့်​ … ​ပြောပါဦး ”

"ဝါးနုက ဝါးရင့်​ပတ်​တယ်​ဆိုတာ ဒါမျိုး​နေမှာ"

သူကပဲ ဘုရား​ဟောနဲ့ဘာနဲ့

“​ကောသလ အိပ်​မက်​ ၁၆ချက်​ထဲမှာပါတယ်​​လေ ….မြေစာပင်​ ပုခက်​လွှဲဆိုလား ….ဒန့်​ကျွဲပင်​ ပုခက်​ဆင်​ ဆိုလား ”

“​အေး … အဲဒါနဲ့ဘာဆိုင်​လဲ … ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ ယယအိမ်​​ထောင်​ပြုကြတာကို​ပြောတာ ”

“အင်း​လေ … ညီမ​လေးက ဘုရား​ဟောမမှန်​မှာစိုးလို့ …စော​စောရည်းစားထားပြတာ ”

“ဂိန်​ … ”

အေး​ရော … ကျုပ်​မှာ​ပြောစရာစကားကို မရှိ​တော့ဘူး …ဘုရား​ဟော​တောင်​ မှားမတဲ့… ဘာပဲဖြစ်​ဖြစ်​​လေ မရရ​အောင်​တားရမှာပဲ

“​အေးပုံရဲ့ … ရည်းစားထားတယ်​…ဆိုတာလဲ မျိုးရိုးကိုကြည့်​ရတယ်​ဟဲ့ ”

“ကြည့်​ပါတယ်​ ကိုဖိုး​ထောင်​က ..အမျိုးကလဲ​ကောင်းပါ့ ..အရိုးကလဲ ​တောင့်​ပါ့ ”

ဘုရား … ဘယ်​လိုမှ​ပြောရမယ့်​ပုံက…မ​ပေါ်ဘူး​ခေတ်​ကာလ …သားသမီး​တွေ ခက်​တယ်​ဆိုတာ …ဒါကို​ပြောတာ​နေမှာ

“မျိုးရိုးဆိုတာ ငါ​ပြောပြမယ့်​ဟဲ့ ​မောင်​နှမချင်းမို့​ပြောတာ​နော်​ ”

“ဟုတ်​ … ”

“သူ့မှာ အစ်​ကိုသုံး​ယောက်​ရှိတယ်​မဟုတ်​လား … ”

“ဟုတ်​တယ်​​လေ … အိမ်​​ထောင်​ကျကုန်​ပြီ ”

“​အေး … ငါ​ပြောချင်​တာ အဲ့ဒါ … အကြီး​ကောင်​ အိမ်​​ထောင်​ကျ​တော့ ​ညောင်​ငါးပင်​ရွာသူနဲ့​လေ ကိုင်း … ​မွေး​တော့ က​လေးက ငါး​ယောက်​ ”

“အယ်​ … ဟုတ်​တယ်​​နော်​ ”

“​နောက်​တစ်​​ယောက်​ကျ​တော့ ဆယ်​တွင်း ရွာက​လေ ”

“အဲဒါ ဘာဖြစ်​လို့လဲ ”

“သူ့မိန်းမ က​လေး​မွေးတာ ဆယ်​​ယောက်​ဟ ”

“ငွမ့်​ … ”

ကျုပ်​ညီမ မျက်​လုံး​တော့ပြူးလာတယ်​ … နည်းနည်း​တော့ လန့်​တဲ့ပုံ​ဗျ … ဒါနဲ့ ဆက်​​ပြောတာ​ပေါ့

“သူ့အထက်​က ​နောက်​တစ်​​ယောက်​​လေ … အစိတ်​ကုန်းရွာသူနဲ့ ရတာအခု နှစ်​ဆယ့်​​လေး​ယောက်​နဲ့ တစ်​​ဗိုက်​ဖြစ်​​နေပြီ ”

“အို … ”

“ဒါနဲ့ ညီမ​လေး …ငါတို့ရွာနာမည်​က ဘာလဲ ”

“ရာပြည့်​ကုန်း တဲ့ … ”

“ကိုင်း … ”

ကျုပ်​မှာ … ကိုင်းပဲ​ပြောရ​သေးတယ်​ … ညီမ​လေးတစ်​​ယောက်​ … ​အောင်​မ​လေး​အော်​ပြီး ​ပြေးပါ​လေ​ရော ဘယ်​ရမလဲ … ကျုပ်​အကြံ​အောင်​ချက်​က​တော့ ….ညီမ​လေးတစ်​​ယောက်​ အဲ့ကတည်းက ဖိုး​ထောင်​တို့အိမ်​ဖက်​ဆို …ခြေးဦးလှည့်​ဖို့မ​ပြောနဲ့ မျက်​​စောင်း​တောင်​ထိုးမကြည့်​တာပါဆို အဟုတ်​ …

Credit : Original Writer
Powered by Blogger.