" ကိုကို ရှော့ပင်သွားမယ် လိုက်ခဲ့ " ခေါ်လို့ လိုက်မိသူရဲ့ အဖြစ်



" ကိုကို ရှော့ပင်သွားမယ် လိုက်ခဲ့ "

" အင်း လိုက်မယ်လေ "

ရည်းစားဖြစ်ပြီး နောက်နေ့ ချိန်းတာ ဈေးဝယ်ထွက်ဖို့တဲ့ ...
လိုက်ပေးရမှာပေါ့ အသစ်စက်စက် ချစ်သူလေး ကိုးဗျ ...

ဒီလိုနဲ့ ရှော့ပင်စင်တာ ရောက်ရော ...

ရောက်တာနဲ့ မိန်းမတို့ဇာတ်လမ်း စပြီ ...

" အိမ်သာ သွားလိုက် အုန်းမယ် ... "

" ငှယ် ခုပဲ ရောက်တာလေ "

" အင်းပါ ခဏ "

အော် သူအန္တရာယ် မလွယ်နိုင်လို့ နေမှာပေါ့ ... ကျုပ်က အပြင်မှာ ငုတ်တုတ်ရယ် ...

၁၅ မိနစ် လောက်နေမှ ပြန်ထွက်လာတယ် ...

" ကြာကြီး ပဲနော် "

" အင်း ဟုတ်တယ် ပုံမလှလို့ နဲနဲ ကြာသွားတာ အဟီး "

" ဟယ် အင်းအင်း ပါတာကို အပုံ လှအောင် ပါနေသေး တယ်လား " ငါ့နှယ်

" အာ ဘယ်က အင်းအင်း ပါရမှာတုန်း ဆယ်ဖီလေ ဆယ်ဖီ
Mirror Selfie ဆွဲနေတာ ပုံကမလှလို့ "

" အော် "

" ဒီကြားထဲ မှန်ကလည်း ဝါးနေတယ်လေ အာ့နဲ့ မှန်ပါ သုတ်နေတာနဲ့ ကြာသွားတာ "

" ဟယ် " ဒီရှော့ပင်စင်တာက သူ့ကို သန့်ရှင်းရေး လုပ်ခပါ ပေးသင့်တယ် ...

ဘယ့်နှယ်
မှန်ပါ တက်သုတ် ပေးသေးတယ်တဲ့ ....

" လာသွားမယ် " ဆိုပြီး တစ်ဆိုင်ဝင်တယ် အကျီတွေ ကိုင်ကြည့်တယ် ...
ကျုပ်ဘက်လှည့်ပြီး လှလား လိုက်လားမေးတယ် ...

ပြီးရင် ချထားပြီး နောက်တစ်ဆိုင် သွားတယ် ... ပြီးရင် အင်္ကျီတွေ ကိုင်တယ်
လှလား မေးတယ် ....

" ဈေးများတယ် "

" အရောင် မကြိုက်ဘူး "

" ဆိုဒ် မရှိဘူး "

" ပုံတုံးကြီး " စုံနေတာပဲဗျာ ...

😪😪😪

စင်တာ တစ်ခုလုံး နှံ့သွားတယ် တစ်ခုမှ မဝယ်ရသေးဘူး ...
ကျုပ်က ခြေထောက်တွေ တောင့်လို့ ... ဗိုက်တွေလည်း ဆာ ...

တစ်ခါတစ်လေ လှည့်မေး ပါတယ် ...
" ညောင်းနေပြီလား အဟင်း စိတ်ကြိုက်က မတွေ့သေးလို့ "

ငှယ် မေးရက်တယ် မတာမရယ် စိတ်ထဲကတော့ ကျိန်ဆဲနေတာ ပါးစပ်ကတော့ ...

" ညောင်းပါဘူး အဟင်း "

😁😁😁

ကျုပ်မှာ ထိုင်ခုံလေးတွေ မြင်ရင် ပြေးထိုင်ချင်လိုက်တာ မပြောနဲ့တော့
ဘဝမှာ တစ်ခါမှ ဒီလောက် မညောင်းဖူးဘူး ...

နောက်ဆုံး မထူးပါဘူး ဆိုပြီး သူဟိုဘက် လှည့်နေတုန်း ဆိုဖာခုံလေးတွေ့လို့ အားရပါးရ ထိုင်မိတော့လည်း ...

" အစ်ကို ရောင်းမယ့် ခုံမို့လို့ ထိုင်လို့ မရဘူး ခင်ဗျ "

တောက်စ် ဆိုးလိုက်တဲ့ ဇာတာ ...

😤😤😤😤

နောက်ဆုံး ရှော့ပင်စင်တာ ၂ ပတ်ပတ်ပြီး ...
" ဒီဖိနပ် အရောင်လေးလှလား လိုက်လားဟင် "

" ငင် " ရေချိုးခန်း စီးတဲ့ ဖော့ဖိနပ်တောင် အရောင်လှလား လုပ်နေတယ် ...

" လှတယ် အနီလေးယူ သဲနဲ့ လိုက်တယ် "

" ဟုတ်တယ်နော် ဒါလေးပဲ ယူလိုက်တော့မယ် "

" အင်းယူလေ "

" လာ ပိုက်ဆံ သွားရှင်းမယ်
ပြန်တော့မယ်
အမေက ရေချိုးခန်း စီးဖို့ ဖိနပ် ဝယ်ခိုင်းလိုက်တာ နောက်ကျလို့ ဆူတော့မယ် "

" ဘာ "

😡😡😡

စဉ်းစားကြည့်ပါဗျာ သူ့အမေ ရေချိုးခန်းစီးတဲ့ ဖိနပ် ဝယ်ခိုင်းတာကို ရှော့ပင်စင်တာကို
၂ ပတ် ပတ်တယ် Mirror Selfie ဝင်ဆွဲတယ် အကျီတွေ လိုက်ကိုင်တယ် ... ငွဲ

" အာ့များ တန်းပြီး သွားဝယ် ပါလား "

" အို ဒါ မိန်းကလေးတွေ ဝါသနာလေ "

ဝါသနာတဲ့ တောက်စ် ...
ကျုပ်မှာ ဗိုက်လည်းဆာ ညောင်းလည်း ညောင်းနဲ့ မျက်နှာငယ်လေးနဲ့

သူကတော့ ပိုက်ဆံ ရှင်းပြီး နောက်ကျနေလို့ သွားတော့မယ် ဆိုပြီး
၁၅၀၀ တန် ဖိနပ်လေး ကိုင်ပြီး လစ်သွားတယ် ...

ကျုပ်ကတော့ ရှော့ပင် စင်တာရှေ့မှာ ငုတ်တုတ်လေး
ဒူးတွေလည်း တဆတ်ဆတ် တုန်တယ် ညောင်းလို့ ...
ဗိုက်ဆာတာ ဆိုတာ အသားတွေပါ တစ်ဆတ်ဆတ် တုန်တယ် ....

ခင်ဗျားတို့လည်း မိန်းမများ ရှော့ပင်စင်တာ သွားဖို့ ခေါ်ရင်
ထိုင်ခုံလေး လည်ပင်းဆွဲသွား ထမင်းချိုင့် ထည့်သွား လိုအပ်ရင် အိပ်ယာပါ ယူသွား ...
မဟုတ်ရင်တော့ ကိုယ့်ဘဝနဲ့ ကိုယ်ပဲ

OMG
😁😁😁

Credit: Original Writer
Powered by Blogger.