သိန်း ၁​ သောင်းဆုပိုင်​ရှင်​ မ​တွေ့​သေးပါ ဆိုတဲ့ post ကိုဖတ်​​နေတဲ့ အချိန်​မှာ မှတ်​မထားတဲ့ ဖုန်းတစ်​လုံး ဝင်​လာတယ်



သိန်း ၁​ သောင်းဆုပိုင်​ရှင်​ မ​တွေ့​သေးပါ ဆိုတဲ့ post ကိုဖတ်​​နေတဲ့ အချိန်​မှာ မှတ်​မထားတဲ့ ဖုန်းတစ်​လုံး ဝင်​လာတယ်

“ဟဲလို ဦးတင့်လားခင်​ဗျ”

“ဟုတ်​ပါတယ်​ ဦးတင့်ပါ ခု​ပြောတာ ဘယ်​သူပါလဲ ခင်​ဗျ”

“ဟုတ်​ကဲ့ပါ မိုးယံ​ရွှေလမင်း ထီဆိုင်​ကပါ ထီတိုက်​ပြီးပြီလား ခင်​ဗျ”

“ကျွန်​​တော်​ ဒီလ ထီမတိုးဖြစ်​လို့ မတိုက်​ဖြစ်​ပါဘူး ခင်​ဗျ”

” ​သေ​သေချာချာ စဉ်းစားပါအုံး ဒီဖုန်းနံပါတ်​နဲ့ ​ပေးထားလို့ လှမ်းဆက်​သွယ်​တာပါ အစ်​ကို”

အဲလို​ပြော​တော့ ကျွန်​​တော်​အိပ်​ကို​ မှောက်​ ရှိသမျှအိပ်​ကို ဖွင့်​ရှာ​တော့ ​ဟော ​တွေ့ပါပြီ ထီထိုးထားတဲ့လက်​မှတ်​​တွေ

“ဟဲလို ဟုတ်​ကဲ့ အစ်​ကို ထီလက်​မှတ်​​ တွေ့ပါပြီ။ ဒါနဲ့ ထီ​ပေါက်​လို့ လှမ်းအ​ကြောင်း ကြားတာလား ခင်​ဗျ”

“၁​ သောင်းဗျ ၁ ​သောင်း”

“ဗျာ ကျွန်​​တော်​ သိန်း ၁ သောင်းဆု​ ပေါက်​တယ်​ ဟုတ်​လား အစ်​ကို”

“၂၃ ရက်​​နေ့က အစ်​ကိုတို့ အရက်ဆိုင်က အထွက်​မှာ ထီထိုးကြတာ ထီဖိုးအကြွေး ၁ သောင်းကျန်​လို့​ တောင်းတာပါ အစ်​ကို”

“ငင့်……. ”

Credit : မူရင်းရေးသားသူ
Powered by Blogger.