မြန်မာကွ ဒါမျိုး လာကြောလို့တော့ ဘယ်ရမလဲ
အမေရိကန် တိုးရစ် တစ်ယောက် မြန်မာပြည် သို့ ရောက်လာခဲ့ ပြီးနောက် Taxi တစ်စီး ငှားစီး လေသည် ။
Driver ကတော့ မြန်မာလူမျိုးပေါ့ တံတား တစ်ခုနား ရောက်တော့ တိုးရစ်ကြီးက
” အဲ့တာ ဘာ တံတားလဲ ”
”ဘုရင့်နောင် ဂုံးကျော် တံတားပါ”
” ဆောက်တုန်းက ဘယ်လောက် ကြာလဲ ”
”တစ်နှစ် ကြာပါတယ် ခင်မျာ”
”အင်း တို့ဆီ မှာဆို ၆ လ နဲ့ အပြီး ဆောက်နိုင်တယ်”
ဒီလိုနဲ့ နောက်တစ်ခုကို ရောက်တော့
” အဲ့တာရော ဘာ တံတားလဲ ”
” ရွှေဂုံတိုင် ဂုံးကျော် တံတားပါ ”
” ဆောက်တုန်းက ဘယ်လောက် ကြာလဲ ”
” ၈ လ ကြာပါတယ် ”
”ဒီတံတားလောက် ကတော့ တို့ ဆီမှာဆို ၂ လ လောက်ပဲ ကြာတယ် ”
မြန်မာ taxi ဒရိုင်ဘာ မှာ ဒေါသ ထွက်လာ လေပြီ… ဒါ သက်သက် ကြွားနေတာ ဒီတိုးရစ်တော့ နေဦး ပေါ့ကွာ
သို့နှင့် လှည်းတန်း ဂုံးကျော် တံတား သို့ ရောက်လာခဲ့ လေသည်…ထုံးစံအတိုင်း တိုးရစ် ကြီးက
”အဲ့တာ ဘာတံတား လဲ ”
Taxi driver လည်း” မသိဘူး မနက်က လာတော့ မရှိသေးဘူး ဗျ”
ငှင်းငှင်းးးး ဒါမျိုးလာကြောလို့ ဘယ်ရမလဲ။
Credit : Original Uploader
