မင်္ဂလာဦးမှာ အလင်္ကာထူးတာ



သားနဲ့ သမီးနှစ်ယောက်ထဲရှိတာ ထူးထူးဆန်းဆန်း တရက်ထဲ မင်္ဂလာဆောင်ပြီး ပျားရည်ဆမ်း ခရီးထွက်သွားကြတယ်။
သားက သူ့ဇနီးအသစ်လေးနဲ့ ပင်လယ်ကမ်းခြေဖက် သွားတယ်
သမီးက သူ့ခင်ပွန်းအသစ်လေးနဲ့ တောင်စခန်းမြို့ကို တက်သွားကြတယ်။

သားနဲ့ သမီးနှစ်ယောက်လုံးကို အမေက မှာလိုက်တယ်
'မင်္ဂလာဦးည အိမ်ထောင်ရေးအရသာ ဘယ်လိုနေလဲ ဆိုတာ အမေ့ဆီ စာရေးလိုက်'

နောက်ရက်ကြတော့ မှာထားတဲ့အတိုင်းပါပဲ သားနဲ့ သမီးဆီက စာတွေရောက်လာတယ်

သားဆီက စာကို ဖတ်ကြည့်လိုက်တော့... ...
"သရီးဒီ၊ မီကိုကွေကာ" တဲ့

သမီးဆီကစာကို ဖတ်ကြည့်လိုက်တော့... ...
"မွန်းလိုက်၊ ဂိုးလ်ရိုစ်၊ ဗွီဗွီ" တဲ့

အမေလုပ်သူ ဇဝေဇဝါ ဖြစ်သွားတယ်
ဒါနဲ့ တီဗီအမြဲကြည့်တဲ့ အိမ်ဖော်ကောင်မလေးက ဘာသာပြန်ပေးတယ်

သားရဲ့စာ ဆိုလိုတာက...
"မနက်တခါ ညတခါ၊ လွှတ်ကောင်းဗျာ" တဲ့
... ဆိုတော့ အမေက ပြုံးတယ်

သမီးရဲ့စာ ဆိုလိုတာက...
"သမီးတို့အကြိုက် ရင်တုန်ကင်းဝေး ဆိမ့်သက်လေးမို့ အု အိခ်ျ အု အား အာ့"
... ဆိုတော့ အမေ ဘုရားတတယ်
"ဖျား... ဖျား..."

Credit : Thanlay Ko
Powered by Blogger.