ကိတ်စေခြင်း အနုပညာ
သမီးကို ဒီထက် ကြီးတာ ပေး ”
“ကျစ် နင့်ဟာက မိုးပျံ ပူဖောင်းကြီး ဖြစ်တော့မယ် ”
“ကြီးလေ ကောင်းလေ မဟုတ်ဘူးလား အစ်ကိုရဲ့ ”
“ဟွမ့် … ”
ကျုပ်မှာစီးပွားရေးမကောင်းလို့ ပေါ်ပြူလာ ဖြစ်တာလေး ကောက်လုပ်ချလိုက်တာ ၊ အဆင်တော့ ပြေသားဗျ … ရောင်းရတာ လက်ကို မလည်ဘူး။တခြားတော့မဟုတ်ဘူး။ကျုပ်လုပ်ငန်းက ဖင်တု ရောင်းတာ ။
“အစ်ကို သမီး ဒါနဲ့ အဆင်ပြေ မလား ”
ငတိမက တပ်ထားတဲ့ ဖင်တုကို ထပ်ကော့ ပြသေးတယ် …
“အွင့် … တော်လောက်ပြီ ထင်တယ် ”
“အစ်ကိုကလည်း ကိတ်မှ မကိတ် သေးတာ ”
“ဒါမှ မကိတ် သေးရင် နှစ်လုံးဆင့် ထည့်မှ ရမယ် ”
“ဟုတ်တယ်နော် အစ်ကို ”
“ငမ့် … ”
ငတိမက တကယ် နှစ်ခုဆင့် ထည့်ချ လိုက်တယ် … ကိုင်း … ဖုထစ်ပြီး ထွက်လာရော ပေါ့
“သမီးဆို ဘယ်ဆိုဒ် လောက် ရမလဲ အစ်ကို ”
“နှစ်ဆယ်ဆို ရပါတယ် ”
“နှစ်ဆယ်တော့ သေးလွန်း တာပေါ့ အစ်ကိုရာ လေးဆယ် ထည့်ကြည့် မယ် ”
“ခွီး ”
သူ့ဖင်က နဂိုကတည်းက ကိတ်ချင် သလိုလို ရှိတာ အဲသလောက်ကြီး တာကြီးထည့်တော့ ကားတစ်လာတာပေါ့
“ညီမ အဲလောက် ကြီးတော့ နိုင်ပါ့ မလား ”
“အိုတော် နိုင်တာ မနိုင်တာ ညီမ အပိုင်းပါ ဒါကြီးမြင်ပြီး နှာထရမှာ အစ်ကိုတို့ ယောက်ျားထုကြီး အပိုင်း ”
“အုမ့် ”
အလုပ်က ဆိုးတော့ ဆိုးသားဗျ …ကျုပ်က ဒါကြီးတွေ ရောင်း ၊ ပြီးရင် မသိတဲ့ ယောက်ျားထုကြီးက အလိမ်ခံ ။ အဲလေ သူ့အိုးနဲ့သူ့ဆန် တန်မှာပေါ့ ။လူနဲနဲ ရှင်းသွားတော့ အတွဲ တစ်တွဲ ရောက်ချ လာတယ် ။
“အစ်ကို အတု ဝယ်မလို့ ”
“ငါ့ညီ အတွက်လား ”
“ကျုပ်စော် တပ်မှာပေါ့ဗျ ကျုပ် တပ်စရာလား ငတိမကို ကြည့်ပါလား ကြည့်ရတာ နံပြားကို လမ်းကြိတ်စက်နင်းထား သလိုပဲ ပြားချပ်လို့ ”
“ဟုတ်ပါပြီ ”
“ဒါနဲ့ အစ်ကို ဟိုဖက် လှည့်ပါဦး ”
“အေးအေး ”
“အစ်ကို ဝတ်ထားတာ ဘယ်ဆိုဒ်လဲ ”
“အော်ကွ … အော်အော်ငါ့ဟာက အော်ရီဂျင်နယ် ”
ဟုတ်တယ် –လူကိုများ အတု မှတ်နေလား မသိဘူး ။ကျုပ်က နဂို ကိတ်တာ … အမေး ခံရသားပဲ အတုလားတဲ့။ဟိုမင်းသမီးတွေ လို အော် ဖစ်ရှယ် ပြစရာ မလိုတာ ယောက်ျားဆို တာ အရှက်နဲ့ သိက္ခာနဲ့လေ ဟမ့် —
“တောက်စ်ဗျာ အစ်ကိုကမှ ကျုပ်စော်ထက် ရင်ခုန်ချင်စရာရှိသေးတယ် ”
“ဟမ့် … မယ်လုပ်ရဝူး နော် ”
ငတိ လက်စာ ကြောက်တာနဲ့ ခုံပေါ်ပဲ ပြေးထိုင် လိုက်တယ် ။ကံဆိုးရင် ဟိုငတိမ ကို ဖြတ်ပြီး ကျုပ်ဆီ လာရင် လာနေမှာ ဘယ်သွားသွား ဒီဖင်နဲ့ကို အငြိမ် မနေရတာ ကျုပ်ဘဝ
ယောက်ျားချင်း သွားရည်ကျချင် စရာကိုး ။
“အစ်ကို ဒါယူမယ် ”
“ဟမ့် … လေးဆယ် ”
“အင်းလေ … ဒီလောက်မှ နန်းဆန်တာ ”
“ဖီ ”
အဆန်းဗျ … ကိုယ့်စော်ကိုယ် ဖင်တု တတ်ပြီး ငမ်းရတယ် လို့ တော်တော် ဆိုးတဲ့ ငတိ –။
“ညီရာ အတုကြီး သိရက်နဲ့ ရင်ခုန်ပါ့ မလား ”
“အစ်ကို မသိလို့ ကျွန်တော်က တစ်နာရီကို တစ်ခါ အတိတ် မေ့တယ် … နောက်တစ်ခါ မေ့ရင် ကိုင်း … ငတိမ ကိတ်ပြီလေ ”
“အွန်း ”
ဖင်တု ဘောင်းဘီကြီး ဆွဲပြီး နှစ်ယောက်သား ကော့ပတ်ကော့ပတ်နဲ့ ပြန်သွားမှ ကြည့်မိတယ်ဟိုငတိကလည်း ကျုပ်နီးနီး ကိတ်တာကိုး ဗျ အဟစ် …
“ဒီဆိုင်လား ”
“အေး ”
“သေချာလို့လား သေချာမှ ပြောနော် ”
“သေချာပါတယ် နာမည် ဖတ်ကြည့်ပါလား ညိမ်းမောင် ကိတ်စေခြင်း အနုပညာတဲ့ အသေအချာပဲ ”
“ဝင်ကွာ ”
ကျုပ်က ရောင်းကောင်း နေတာ … ဝင်လာတဲ့ ငတိတွေက နည်းမှ မနည်းပဲဗျ တုတ်တွေနဲ့ ဆိုတော့ ဆိုင်ထဲက လူတွေလည်း ပြေးကြ တာပေါ့။
“မင်းလား ညိမ်းမောင် ”
“အန် ဟုတ်ပါတယ် ”
“ဖင်တု ရောင်းတယ် ဆို ”
“စီး … စီးပွားရေး အရပါ ”
လူတွေ ကြည့်တော့ ရပ်ကွက်ထဲ ကလည်း မဟုတ်ဘူး ။တစ်ခါမှ မမြင်ဖူးတော့ လန့်တာပေါ့ ။
“မင်း ဟာတွေက ယောက်ျားလေး ဝတ်လို့ ရလား ”
“မရ … ”
“ဘာ … ”
“ရတယ်လို့ … ရတယ် ”
“ပြီးရော … ဒီမှာ ထိုင်နေ ”
“ဟုတ် “ကျုပ်မှာ မျက်နှာငယ်နဲ့ ငတိတွေ သောင်းကျန်းသမျှ ထိုင်ကြည့် နေရတယ်။လှုပ်ရင်လဲ မလွယ်ဘူး ကိုး တကယ် လုပ်ရင် လုပ်ကြမှာ–။
“ဒါကောင်းလား ”
“ဟိုဟာက ပိုကြီးတယ် ”
“အေးလေ ကိတ်လေ ကောင်းလေ ပဲ ဟာကို “ခဏနေတော့ အုပ်လိုက်ကြီး အနား ပြန်ရောက် လာကြတယ် ။
“ပိုက်ဆံ မပေးပဲ ယူတယ် ကျေနပ်လား ”
“ဘာ … ”
“ဒေါင် “သံတုတ်ကနာသဗျ ။နောက်ဆုံးတော့ ကြောက်တာနဲ့ ပေးလိုက်ရတယ်။ကျုပ် တွေးတာပေါ့ ငတိတွေဒါဝတ်ပြီး ဘာလုပ်ဖို့တုန်းလို့ငတိတွေအပြင်ရောက်မှ သဘောပေါက် လိုက်တယ်
“ကောင်မ ညည်းဟာက ပိုကိတ်တယ် ”
“ကျုပ်က လေးဆယ်လေ ”
“ဘာပဲ ဖြစ်ဖြစ်ပါ … ကျုပ်က နန်း အဆန် ဆုံးပဲ ”
“ဟွမ့် … ”
ဒီနေ့တော့ ကံမကောင်းဘူး ။အခြောက်တွေ မိုက်ကြေး ခွဲတာ ခံလိုက်ရ သဗျာ …ကတောက်စ်!????????????
Credit: nnnt ညိမ်းမောင်
