မျက်ရည်များရဲ့ နောက်ကွယ် … 😁(အစ်ကို့ ဆေးရုံကြီး တစ်ချက် သွားချင်လို့ ဘယ်လောက် ပေးရမလဲ ?)



အကို့ ဆေးရုံကြီး တစ်ချက် သွားချင်လို့ ဘယ်လောက် ပေးရမလဲ ?

၃၅၀၀ ပါ ခင်ဗျ

ဈေးဆစ်သံ မကြားပဲ ကားတံခါး ဖွင့်ပြီး ဝင်ထိုင် လိုက်သော မိန်းခလေး ကို နောက်ကြည့်မှန်မှ တစ်ချက် ကြည့်လိုက် မိသည် ။

ပါးပြင်မှာ ရေစို နေလျက် မို့အစ် နေသော မျက်ဝန်း တစ်စုံ ၊ မျက်ဝန်းထဲ ရေအပြည့်နှင့် အမှတ် တမဲ့ ကြည့်လျင် မျက်နှာသစ်ပြီး ကာစ … ကျနော် သိလိုက် ပါပြီ ။ သူမ ငိုထား လေသည် ။

ကားလမ်း တစ်လျှောက် အမြဲ ခရီးသည် နှင့် စကား ပြောနေကျ ကျနော့် အဖို့ နှုတ်ဆိတ်စွာ နေလျက် ဘယ်လို နှစ်သိမ့် ပေးရ မလဲ မသိတာ ကြောင့် လမ်းကိုသာ ဂရု ပြုလျက် အမြန်ဆုံး ရောက်ရှိရေး အတွက်သာ တွေးတော လုပ်ဆောင် ပေးနေမိလေသည် … ထိုသို့ ပြုခြင်း ပင်လျင် သူ့အတွက် အကောင်းဆုံး လက်ဆောင် ပေ ပဲ ဟု သတ်မှတ် မိသောကြောင့် ပင် … ။

မကြာသော အချိန် အတွင်း မှာပဲ သူ့ဘက်က စကား တစ်ခွန်း ပြောလာသည် ။

” အကို့ အမြန် မောင်းပေးပါ ” တဲ့

အသံ လာရာကို နောက်ကြည့်မှန် မှ ကြည့်လိုက်တော့ ဝဲ ယာ မျက်လုံးမှ စီးလာသော မျက်ရည်ကို သုတ်နေသည် ကို တွေ့ရ သည်။ စိတ်မကောင်း ဖြစ်မိ ပါသည်။ ဘယ်လို ဒုက္ခတွေများ ရောက်နေ ပါလိမ့်။ စိတ်ထဲမှာ အမျိုး အမည် မသိသော ဝေဒနာ တစ်ခုကို ခံစားရင်း …..

ဆိုက်ရောက် ပါပြီလေ …. ကားခ မပေးပဲ သူမ ဆင်းသွား လေသည် … ကျနော်လည်း ရင်ထဲ မကောင်းတာနဲ့ ဘာမှ မပြောပဲ ငေးကြည့်နေ မိသည် …

စိတ်မပါ လက်မပါ နဲ့ ကားမောင်း ထွက်ဖို့ ပြုစဉ် … ကားနောက်ခန်းမှာ ခရီးသည် ဘာကျန်ခဲ့သေးလဲ ကြည့်လိုက် မိသည်…

တွေ့ပါပီ .. အမဲရောင် အိပ်သေးလေး တစ်လုံး …

တစ်ချက် လှမ်းယူပြီး လိုက်ပေးဖို့ စမ်းကြည့် လိုက်တော့ ကြက်သွန် လိုလို အလုံးလေး ၂ လုံး … မသင်္ကာ တာနဲ့ ဖွင့်ကြည့်မှပဲ ရှင်းသွားလေသည် … နွှာပြီးသား ကြက်သွန်နီ နှစ်လုံးကို မြင်လိုက်တော့ မှ ကိုယ့်နှဖူး ကိုယ် ရိုက်လိုက်မိသည် ….

” အသုံးမကျ လိုက်လေခြင်း ”

ဒါနဲ့လေ ကောင်မလေးက ချောသားဗျ … ဟီးဟီး

😁😁😁

Credit:  Original Writer
Powered by Blogger.