ကြက်သူခိုး လိုက်ဖမ်းသူနဲ့ ကလေးအိပ်တုန်း ခိုးစားကြရအောင်ဆိုတဲ့ လင်မယား တွေ့ကြသောအခါ
“ကျနော်တို့ မခိုးရပါဘူး အုပ်ချုပ်ရေးမှူးရယ်..”
“ဘုရားပေးပေး ကျမ်းပေးပေးပါ ကျမတို့ ဒါမျိုးအကျင့်လည်းမရှိရပါဘူးရှင်..”
“ကဲ..ဟုတ်ပီ ကိုတင်လှ ခင်များကြက်ကို သူတို့လင်မယားခိုးပါတယ်လို့စွပ်စွဲရအောင် ခင်များ က ဘာအထောက်အထားနဲ့စွပ်စွဲရတာလဲ..”
“ရှိပါတယ်ဆြာ.. အင်မတန်ကိုခိုင်လုံပါတယ် ဒီသတင်းက အတွင်းလူယုံကနေတဆင့်ပေါက်ကြားတာပါ ထောင်ချောက်ဆင်ဖမ်းတာလည်းမဟုတ်ရပါဘူး..”
အရေးထဲဒင်းကတမှောင့်ချဲ့ကားနေသေးတယ်
“ကဲပါ လိုရင်းပဲပြောဗျာ ခင်ဗျားဘယ်လိုသိတာလဲ..”
“အဟမ်း..ဒီလိုပါ မနေ့ညက ကျနော့် တိုက်ကြက်ဖကြီး အိပ်တန်းမဝင်တာနဲ့ကျနော်တစ်ညလုံး တိတ်တဆိတ်လိုက်လံပြီးလျို့ဝှက်စုံစမ်းပါတယ်
ဒါပေမယ့် သတင်းအစအနတောင်မရခဲ့ပါဘူး..”
“ဒါနဲ့များကွာ..”
“အဲ ကျနော်စကား မဆုံးသေးပါဘူးဆြာ”
“ကဲ ပြောဗျာ လိုရင်းကိုပြော..”
“ဟုတ်ကဲ့ ပြောပါ့မယ် မနက်မိုးလင်းတော့ကျနော် အိမ်နီးနားဝန်းကျင်မှာ စုံစမ်းနေတုန်း သူတို့ရဲ့သား အငယ်ဆုံးလေး နဲ့လမ်းမှာတွေ့တော့ “ဘဘဘာတွေရှာနေတာလဲ..” လို့မေးပါတယ်
“ဒါနဲ့ကျနော်လည်း ညကကြက်ကိုသူခိုး ခိုးစားလို့ လိုက်ရှာနေတာလို့ပြောလိုက်တယ်..
အဲလိုပြောလိုက်တော့ ခလေးမျက်နှာပျက်သွား တာကိုချက်ခြင်း ရိပ်မိလိုက်တယ်ဆြာ…
ဒါနဲ့ ကျနော်က သားသိရင်ပြောပြပါလား ဆိုတော့ မပြောဘူးဗျ…
ဘယ်ရမလဲကျနော်ကလူပျိုကြီးဆိုပေမယ့် ခလေးတွေရဲ့အထာကိုသိပြီးသားလေ…
အိပ်ကပ်ထဲကတစ်ထောင်တန်ထုတ်ပြီး သားမူန့်ဖိုးယူ..သားကို ဘဘကချစ်လို့ပေးတာ သားသိရင်ပြောပြပါလားဆိုတော့မှ
သားသိတော့မသိဘူး ညက အဖေကအမေ့ကို ပြောသံတော့ကြားလိုက်ထာ တဲ့..”
“အင်း ဟုတ်ပြီ..ဒါသဲလွန်စရတာ ခလေးကဘယ်လိုကြားတာတဲ့လဲ..”
“အဲ..ဘယ်လိုပြောလဲဆိုတော့
အမေကြီးရေ ဒို့ဒီညခလေးအိပ်ရင် ခိုးစားကြရအောင်”..တဲ့
“ဟေ..”
Credit: mws
