နေရာတကာမှာ အသန့်ကြိုက်လွန်းတဲ့ သတို့သားရဲ့ မင်္ဂလာဦးည



ချစ်​သူ နှစ်​​ယောက်​ ရှိတယ်​ ကောင်​​လေးက သိပ်​ အသန့်​အပြန့်​ ကြိုက်​တာ ​ကောင်​မ​လေးကိုလည်း အရမ်း ဂရုစိုက်​တယ်​။ စား​သောက်​ဆိုင်​များ နှစ်​​ယောက်​သား ထိုင်​မိရင်​ ကောင်​မ​လေး ထိုင်​မဲ့ခုံ ကောင်​မ​လေး ​သောက်​မဲ့ ​ရေခွက်​က အစ တစ်​ရူး​လေးနဲ့ စိတ်​​ကျေနပ်​​အောင်​ သုပ်​​ပေးပြီးမှ စားခိုင်း​ သောက်​ခိုင်းတာ။ သူကိုယ်​တိုင်​လည်း အဲ့လိုပဲ ဘာစားစား ဘာ​သောက်​​သောက်​ တစ်​ရှူးး​လေးနဲ့ သုပ်​လိုက်​ရမှ ​ကျေနပ်​တာ။

ကောင်​မ​လေး ခမျာ ကောင်​​လေးရဲ့ ဂရုစိုက်​မှု​တွေကို အရမ်း ရင်​ခုန်​ရတာ​ပေါ့။ ကောင်​​လေးက စည်းကမ်းလည်း ရှိတယ်​​။ ချစ်​သူ သက်​တမ်းအတွင်း ​ကောင်​မ​လေးကို ပခုံး ဖက်​ရုံက လွဲလို့ စည်းလဲ မ​ကျော်​ဘူး​ တဲ့။ ကဲ ကြည့်​ ဘယ်​​လောက်​ ယောက်ျား ပီသ လိုက်​သလဲလို့။ ဒါ​ကြောင့်​လည်း ​ကောင်​​လေးက လက်​ထပ်​ခွင့်​ ​တောင်း​တော့ တစ်​ခါတည်း ​ခေါင်းညိတ်​ပြီး လက်​ခံလို့ လူကြီးစုံရာနဲ့ လက်​ထပ်​ ထိမ်းမြား လိုက်​ကြတာ​ပေါ့။

အဟဲ ဒါနဲ့ မင်္ဂလာဦးည ​ရောက်​လာတယ်​ ဆိုပါ​တော့​ဗျာ။ ကဲလာပြီ​နော်​ 18+ အခန်း​လေး။ မျက်​​တောင်​မခတ်​နဲ့ အသက်​မရှူ နဲ့ ​သေချာဖတ်​ လာပြီ။

သတို့သမီးက ကုတင်​​ပေါ်မှာ တ​စောင်း​လေး ထိုင်​လို့ ​ခေါင်း​လေး ငုတ်​ပြီး ရှက်​​သွေး ဖြာနာတာ​ပေါ့။ သတို့သားကလည်း ​ဘေးနားမှာ လာထိုင်​ပြီး သတို့သမီး မျက်​နာ​လေးကို ကြည့်​လို့​ပေါ့။ နှစ်​​ယောက်​သား ရင်​ထဲမှာ ဒိန်းတပ်​တပ်​နဲ့ ကုလားဘုရား လှည့်​​နေကြတာ​ ပေါ့​လေ။

ဒီအချိန်​ သတို့သားက ” အင်းး ” ဆိုပြီး ထ လိုက်​တယ်​ ဆိုရင်​ပဲ ကောင်​မ​လေးက လန့်​ပြီး တွန့်​ကနဲ ဖြစ်​သွားတာ​ပေါ့။

ဒန့်​ တန်​ တန်​ ဒါနဲ့ သတို့သားက

” အိပ်​ကြရ​အောင်​​နော်​ ချစ် ​”

ဆိုပြီး သတို့သမီး ပခုံး​လေးကို ကိုင်​ပြီး အိပ်​ယာ​ပေါ် လှဲချလိုက်​တယ်​။ ပြီး​တော့ ​ကောင်​မ​လေးရဲ့ အ​ပေါ်အင်္ကျီ​လေးကို အသာအယာ ချွတ်​ ​သေ​သေချာချာ ​ခေါက်​ပြီး ​ဘေးမှာ တင်​ထားလိုက်​တယ်​။ ​ကောင်​မ​လေးလည်း ရင်​​တွေ ခုန်​လို့​ပေါ့။ ​နောက်​တစ်​ခါ ​ကောင်​မ​လေးရဲ့​အောက်​ခံ အင်္ကျီ​လေး ကိုလည်း အသာအယာ ဆွဲချွတ်​ လိုက်​ပြီး သေ​သေ ချာချာ ​ခေါက်​လို့ ​ဘေးမှာ တင်​ထားလိုက် ​ပြန်​တယ်​။

ဒီလို သတို့သားရဲ့ ယုယု ယယ ကိုင်​တွယ်​မှုကို ကြည့်ပြီး ​ ကောင်​မ​လေးလည်း အသက်​ မရှူ ရဲ​လောက်​​အောင်​ ရင်​​တွေ ခုန်​လို့​ပေါ့။ တဖန်​ သတို့သားက ​ကောင်​မ​လေးရဲ့အတွင်းခံ ဘရာကို လည်း ယုယု ယယ​လေး ဆွဲချွတ်​တယ် မရဘူး ကြင်​ကြင်​ နာနာ​လေး ဆွဲချွတ်​တယ် မရပြန်​ဘူး။

ဘယ်​ရမလဲ ချိတ်​​တွေက ​ကျောမှာကိုး။ ဒါနဲ့ သတို့သားလည်း စိတ်​မရှည်​ပဲ ကတ်​​ကြေး သွားယူလာ​တော့ ကောင်​မ​လေးက မျက်​လုံးပြူးသွားပြီး

” ​နေ​နေ – ချစ်​ ဖြုတ်​​ပေးမယ်​ ” ဆိုပြီး ဖြုတ်​​ပေးလိုက်​ ရတယ်​။

ဒါကိုလည်း သူက ယုယု ယယ​လေး ယူပြီး ​ခေါက်​​တော့ မရဘူး။ ပြန်​​ခေါက်​တယ်​ မရဘူး။ ဘယ်​ရမလဲ ဘရာစီယာကို သွား​ခေါက်​​နေတာ။ ​နောက်​ဆုံး ​ခေါက်​မရ​တော့မှ ကုတင်​​အောင်​ လှမ်းပစ်​ချ လိုက်​တယ်​။

အဲ့မှာ ကောင်​မ​လေးရဲ့ အ​ပေါ်ပိုင်းက ဟာလာ ဟင်းလင်း ဖြစ်​သွားပြီ။ ​ဒီ​တော့ ​ကောင်​မ​လေးလည်း ရှက်​ပြီး လက်​​နှစ်​ဖက်​နဲ့ အုပ်​ထားရ တာ​ပေါ့။

ကဲ ကောင်​မ​လေးကို ချွတ်​ပြီးသွား​တော့ သတို့သားက သူ့အင်္ကျီ ကိုလည်း အဲ့လိုပဲ ယုယု ယယ​လေး ချွတ်​ သေ​သေချာချာ​လေး ​ခေါက်​ ဘီရိုထဲ သွားထည့်​။

တစ်​ခါ ပုဆိုးကိုလည်း အသာအယာ ချွတ်​ သေ​သေ ချာချာ​လေး ​ခေါက်​ ဘီရိုထဲ သွားထည့်​ လုပ်​​နေတာ ကောင်​မ​လေးက အ​ပေါ် ဟာလာ ဟင်းလင်းနဲ့ အ​အေး ပတ်​​တော့မယ်​။ သူက အဝတ်​​ခေါက်​လို့ ​ကောင်းတုန်း။ အဲ့လိုနဲ့ နာရီဝက်​​လောက်​ အကြာမှာ​တော့ နှစ်​​ယောက်​လုံး ​ပြောင်​သလင်း ရှင်းသွားကြပြီ ဆိုပါ​တော့​ဗျာ။

ဒန့်​ တန် ​တန်​ လာပြီ​နော်​ ဟိဟိ

ဒါနဲ့ ​ကောင်​​လေးက စားပွဲ​ပေါ်က တစ်​ရှူးး​ဗူး​လေးကို ယူ အိပ်​ယာ​ဘေးမှာ ထားလိုက်​ပြီး ​ကောင်​မ​လေးရဲ့​ဘေးမှာ အသာအယာ​လေး လှဲ​လှောင်းလိုက်​တယ်​။ ပြီး​တော့ တစ်​ရှူးး​ဗူးထဲက တစ်​ရှူးတစ်​စကို ဆွဲထုတ်​ယူ ​ကောင်​မ​လေးရဲ့ နဖူးကို ညင်​ညင် ​သာသာ​လေး သုတ်​လိုက်​ပြီး ” ပြွတ် ​”ဆို နမ်းလိုက်​တယ်​။

ကောင်​မ​လေးလည်း သူ့ကို တစ်​ရှူးနဲ့လာသုတ်​​တော့ ဪ ​ချွေးသုတ်​​ပေးတာ ​နေမယ်​ပေါ့ ထင်​တာ။ တစ်​ခါ ​ကောင်​မ​လေးရဲ့ ပါး​လေးကိုလည်း တစ်​ရှူး​လေးနဲ့သုပ်​ လိုက်​ပြန်​ပြီး ” ပြွတ်​ ” ဆို နမ်းလိုက်​ပြန်​​ရော။

ဒီ​တော့ ကောင်​မ​လေးလည်း ရင်​ခုန်​ရမဲ့ အစား စိတ်​တိုလာ တာ​ပေါ့။ သတို့သား လုပ်​ပုံက သူနမ်းမဲ့ ​နေရာတိုင်းကို တစ်​ရှူးနဲ့ လိုက်​သုတ်​​နေ တာ​လေ။

တစ်​ခါ ​ကောင်​မ​လေးရဲ့ ရင်​ညွန့်​​လေးကိုလည်း တစ်​ရှူး​လေးနဲ့ သုပ်​ပြီး နမ်းမယ်​ အလုပ်​ သတို့သမီးက

” ဝုန်း ” ဆို သူ့ကို ​ဆောင့်​တွန်းချ လိုက်​ပြီး

” ရှင်​ ရှင်​ ဒါဘာလုပ်​​နေတာလဲ ? ”

” ဘာလုပ်​လို့လဲ ချစ်​ရယ်​ – ဒါ မင်္ဂလာဦး ည​လေ ”

” မင်္ဂလာဦးညကို ​ပြော​နေတာ မဟုတ်​ဘူး – ဘာလို့ ကျမကို တစ်​ရှူးနဲ့ လိုက်​သုတ်​​နေတာလဲ ? ”

” ဪ ဒါက​တော့ အချစ်​ရယ်​ – ပိုးမွှား​တွေ ဆိုတာ ​နေရာတိုင်းမှာ ရှိ​နေနိုင်​တယ်​​လေ – ”

” အဲ့​တော့ – ”

” အဲ့​တော့ – ချစ်​ခန္ဓာကိုယ်​မှာ ပိုးမွှား​တွေ ရှိရင်

ကိုယ့်​ နှ​ခေါင်းထဲ ဝင်​မှာ စိုး စိုး — ”

” ဘာ ! ”

” အမ​လေး ”

” ဪ လက်​စသတ်​​တော့ – ရီးဇားဘဝတုန်းက ကျမကို မနမ်းခဲ့တာ – ရွံ လို့​ပေါ့​လေ ဟုတ်​လား ”

” ဟုတ်​ အဲ မဟုတ်​ – ဟိုဟို ”

” ​တော်​ ဘာမှ ဟို​တွေ ဒီ​တွေ မလုပ်​နဲ့

သေနာရီး – ရှင်​နဲ့မ​ပေါင်းဘူး ပြန်​မယ်​ ကျမ အ​မေအိမ်​ကို 

ဒေါင်းဇားရီး ”

ကောင်​မ​လေးက ​ပြော​ပြော ဆိုဆို အိမ်​​ပေါ်မှ ဆင်း​ပြေးသွား ပါ​တော့သည်​။

သတို့သားလည်း ဘာမှ မတတ်​နိုင်​ပဲ လက်​မှိုင်​ချ ကျန်​ရစ်​ခဲ့ရ​လေ ​တော့တယ်​ ​ပေါ့ကွယ်​။



Credit: လူချွန်​​တော်
Powered by Blogger.