အိမ်နီးချင်း တယောက်ရဲ့ ဒေါသ
တရားရုံးတစ်ခုတွင်ဖြစ်သည်။
နှစ်လောင်းပြိုင်လူသတ်မှုရဲ့တရားခံကို ပြစ်ဒဏ်ချမှတ်ဖို့ တရားသူကြီးက အမိန့်စာကို ဖတ်ကြားနေပါတယ်…
“မောင်မင်းဟာ…ဇနီးဖြစ်သူကို မသေမချင်း တူနဲ့ထုသတ်ခဲ့တဲ့ ပြစ်မှုက တစ်ခု…”
“ခွေးသူတောင်းစား”
တရားခွင်ရဲ့ နောက်ပိုင်းနားမှာထိုင်နေတဲ့ ကိုထုံက တရားခံကို ထ ဆဲလိုက်ခြင်းဖြစ်တယ်။ တရားသူကြီးက ကိုထုံ့ကို လှမ်းကြည့်တယ်၊ ဒါပေမယ့် ဘာမှမပြောဘဲ အမိန့်စာကို ဆက်ဖတ်တယ်…
“မောင်မင်းရဲ့ ယောက်ခမဖြစ်သူကို မသေမချင်း တူနဲ့ထုသတ်ခဲ့တဲ့ ပြစ်မှုကတစ်ခု…”
“မအေပေး အမျိုးယုတ်” ..
ကိုထုံက ထ ဆဲပြန်တယ်။ ဒီတခါတော့ တရားသူကြီးက လှမ်းပြောတယ်
“လူကြီးမင်း၊ ဒါတရားရုံးဖြစ်ပါတယ်၊ ဒီလို ရက်စက်စွာ အသတ်ခံရတဲ့ လူတွေ အတွက် ခင်ဗျား ဘယ်လောက် ခံစားရမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်၊ ဒါပေမယ့် နောက်ထပ် တရားရုံးကို နှောင့်ယှက်မယ်ဆိုရင်တော့ ခင်ဗျားကို အရေးယူရပါလိမ့်မယ်”
“ဟုတ်ကဲ့…နောက်မဆဲတော့ပါဘူး”
တရားသူကြီးက အမိန့်စာ ဆက်ဖတ်မလို လုပ်ပြီးမှ စိတ်ထဲမှာမရှင်းတာနဲ့ ကိုထုံ့ကို လှမ်းမေးတယ်… …
“ဒါနဲ့ နေပါအုံး၊ ခင်ဗျားနဲ့ သေဆုံးသူတွေဟာ ဘယ်လိုများ ပတ်သက်ပါသလဲ”
“ဘယ်လိုမှ မပတ်သက်ပါဘူး”
“ဟင်… ဒါဆို ဘာလို့ ဒီလောက်တောင် ဒေါသတွေ ထွက်နေရတာလဲ”
“ထွက်တာပေါ့ဗျ၊ ဒီကောင်နဲ့ကျနော် အိမ်ချင်းကပ်လျက်နေလာတာ ၁၀ နှစ် ကျော်ပြီ၊ သူ့ဆီမှာ တူ သွားငှားတိုင်း မရှိဘူးချည့် ပြော ပြော လွှတ်တယ်လေ..”
Credit: SM
