“မောင် Video Call ပြောချင်လို့” တဲ့



ကိုကို”

“ဗျာ”

“Video call”ပြောမယ်…😊”

“ဟမ်”

“ဘာလဲ..မပြောချင်ဘူးလား..😒”

“အွန်..ပြောမှာပေါ့”

ဒုက္ခရောက်ပြီလေ…ကိုယ်က facebookမှာ B612 တို့ 360 တို့နဲ့ရိုက်ပြီးတင်တာ…ခုရထားတဲ့ကောင်မလေးကလည်း facebookကကောင်မလေး video callက မပြောဖူးဘူး..သူခေါ်မယ်ပြောတိုင်း အီးပါနေတယ်..မှောင်နေတယ်လို့ပဲညာနေတာ..ခုတစ်ခါတော့ ညာလို့မရတော့ဘူး..ခုနကလေးတင် B612နဲ့တစ်ပုံရိုက်ပေးပြီးပြီ…ဘာလုပ်ရမလဲ..ဘာလုပ်ရမလဲ..ဟိုက်!သိပြီ..

“မေမေ”

“ဟဲ့..သားဘာဖြစ်နေတာလဲ”

“သနပ်ခါးတုံးပေးပါ.. .သနပ်ခါးတုံးပေးပါ”

“တစ်သက်လုံး မျက်နှာပြောင်နေတာ ခုမှဘာစောင်ရူးထတာလဲ”

“ကောင်မလေးနဲ့ ဖုန်းပြောမလို့”

“ဟမ်..”

“ဟုတ်ဒေ”

“ဟော့..ဟိုမှာ ကျောက်ပျဉ်..အာ့မှာသနပ်ခါးတုံးရှိတယ်”

“ဟုတ် မေမေ”

ငါးမိနစ်လောက်ကြာတော့…

“ကိုကို”

“ဗျာ..ချစ်”

“ကြာလိုက်တာ”

“ပြင်ဆင်နေလို့ပါ ချစ်ရဲ့”

“ဘာဒေပြင်ဆင်တာလဲ”

“Video call ပြောဖို့လေ”

“ဟမ်😳ခေါ်လို့ရပြီလား😁”

“ရပြီ..ခေါ်တော့😢”

တူ တူ တူ

“Video ဖွင့်လိုက်”

“ဟုတ်😢”(ရသလောက်ဘုရားစာလေးဆိုပြီး video ဖွင့်လိုက်သည်)

“ဟာ..😨”

“ဘာဖြစ်တာလဲ ချစ်..စောင်ရမ်းချောသွားလို့လား😁”

“ဟမ်..😨ဟုတ်..”

“ပြောသားပဲ..ကိုယ်က ငဖြောင့်ပါဆို😁..”

“ကိုယ့်ပုံက fbမှာတင်တဲ့ပုံနဲ့မတူဘူးနော်..😳”

“သနပ်ခါးလိမ်းထားလို့ပါ ချစ်😒..”

“ဟုတ်ပ မျက်နှာဆိုတာတောင် မနည်းရှာယူရတယ်..😢”

“ဟီး..ကိုယ်က အာ့လိုလိမ်းတာ😁”

“အသားကလည်း မဲသလိုပဲနော်😳”

“ဟမ်..အာ့က ကိုယ်လုံးကအမှောင်ဘက်ရောက်နေတာ😒”

“မျက်စိကလည်း စွေသလိုပဲ..😳”

“မစွေပါဘူး ချစ်ရယ်..😒”

“မျက်စိကလည်း တောင်တစ်လုံး မြောက်တစ်လုံးနဲ့..😒”

“ဟမ်..”(စဉ်းစားသာကြည့်ပေတော့..မျက်စိကတောင်တစ်လုံးမြောက်တစ်လုံးမရှိလို့ အရှေ့တစ်လုံးအနောက်တစ်လုံး
အပေါ်တစ်လုံးအောက်တစ်လုံးရှိတာများ သူမြင်ဖူးလို့လားမသိဘူး)

“ဟုတယ်..facebookမှာကြ ဒီရုပ်မဟုတ်ဘူး..😒”

“တူတူပါပဲ ချစ်ရယ်..😞”

“မတူဘူး..မတူဘူး..မျက်နှာကအရမ်းကွာတယ်..😒”

“ချစ်က ကို့ယ်ကိုရုပ်ချောမှချစ်မှာလား😟”

“မဟုတ်ပါဘူး ကိုကိုရယ်.. 😒”

တီ
ဟမ်..ဖုန်းချသွားပြီ ပြန်ခေါ်တော့လည်း မကိုင်တော့..၅မိနစ်လောက်ကြာတော့ Stutas တစ်ခုတက်လာသည်…

ချစ်လေးကိုကို..Felling sad😞
ရုပ်ဆိုးတာရှင့်အပြစ်မဟုတ်ပါဘူး ကိုကို…
ရုပ်မချောတာကတော့ ရှင့်အပြစ်ဖြစ်သွားပြီ.. ဒီနေ့ ချစ်သူနဲ့ဖုန်းပြောလိုက်တယ်..အမေဇင်းပါ..
ဘုန်းကြီးငါးပါးလောက်ပင့်ပြီး တရားနာလိုက်မှအကြောက်ပြေတယ်…😢

အဲလိုနဲ့ပဲ ပလုံပလန်ရဲ့ အချစ်ရေးအဆုံးသတ်ခဲ့ရတယ်…မကြာပါဘူးရည်းစားအသစ်တစ်ယောက်ရတယ်…

“မောင်..Video Call..ပြောချင်လို့” တဲ့ 😢??

Credit: ပလုံပလန် 😂😂
Powered by Blogger.