နှုတ်ပေးပါ ကိုကို



" ကိုကို ... နူတ်လိုက်တော့ကွာ "

" ခဏလေးပါ ... သဲရာ "

" ယားလို့ မခံနိုင်တော့ဘူး မြန်မြန်နူတ် "

" ကြပ်နေတယ် "

" ဖြဲ နူတ်လေ "

" ကဲဟာ ... လာထား "

" အားနာတာ ... "
" အာ.. ကိုကိုကလဲ အမည်းတွေ ပါကုန်ပြီ "

" တစ်ပင်ထဲပါ ... သဲရာ "

တခြားမတွေးနဲ့ ကိုယ့်လူ
အဲ့ဒါ ကျုပ်ရီးဇားကို ကျုပ်
ဆံပင်ဖြူ နူတ်ပေးနေရတာလေ
ဝဠ်နာ ကံနာ လို့ ဆိုရမှာပေါ့

ကြံကြံ ဖန်ဖန်ဗျာ
ပန်းခြံထဲ လာချိန်းတွေ့တာကို
ဇာဂနာကြီး ယူလာပြီး ဆံပင်ဖြူ နူတ်ခိုင်းရတယ်လို့
သူမို့ မရှတ်တယ် ...

ဒီရီးဇားနဲ့ စကြိုက်ကတည်းက
သူခိုင်းသမျှ မငြိုမညင် လုပ်ပေးရင်း
ခုဆို ကျုပ် မိန်းကလေး အလှပြင် ကိစ္စတွေ
တော်တော် များများ လုပ်တက်နေပြီ

လက်သည်းညှပ် , ခြေသည်းညှပ်
ခေါင်းဖြီး , ဆီလိမ်း
လက်သည်းနီဆိုး , နူတ်ခမ်းနီဆိုး
တစ်ခါတစ်ခါဆို
ကျစ်ဆံမြီး ကျစ်ပေးရတာမျိုးတောင် ရှိသေး
သူနဲ့ ပျက်ရင် ပျက်
မပျက်ရင် လူလည်း အခြောက်လုံးလုံး ဖြစ်တော့မှာ

အိမ်မှာ တစ်ယောက်ထဲ နေရင်
ကိုယ့်ကိုယ်ကိုတာင် မလုံဘူး
ကြာရင် အခြောက်စိတ် ပေါက်သွား မလားတောင် မှတ်ရတယ် ...

ဟိုတစ်ခါလည်း ကြည့်
တက်စီနဲ့ အပြင် သွားကြရင်း
သူ့အင်္ကျီ နောက်ကြယ်သီး တက်ခိုင်း သတဲ့လေ
ကျုပ်ဖြင့် ကားသမားရှေ့မှာ ရှတ်တာဗျာ

ဘာတဲ့ သူပြောတာတော့
အဲ့လို့ အပြုအမူတွေဟာ အချစ်ရဲ့ သင်္ကေတ ဆိုလားပဲ

အချစ်ရဲ့ သင်္ကေတလား မတလားတော့ မသိ
ကျုပ်ဆို အဲ့ညက အိပ်မပျော်တာ အမှန်

တကယ့် ပြိုင်စံရှား ပါဗျာ
ဘယ်ဘဝက ရေစက်လည်း မသိ
သူနဲ့ကြမှ တိုက်တိုက် ဆိုင်ဆိုင် ဆိုတာ ဒါမျိုးနေမှာ

" ကိုကို ... ရော့ ... အင့် "

" ဘာတုန်းဟ"

" ငင့် ... နာဖာကလော်ကြီး "

" ဟုက်တယ် နားယားလို့
နဖာဂျီး ကလော်ပေးနော် ကိုကို "

ဂန်းနာမ
လူကိုခိုင်းတာများ
နားဖာဂျီးတောင် ကလော် ခိုင်းတယ်
ဒီဘဝ ဒီမျှနဲ့ ရှိပါစေတော့ ဆိုပြီး ကလော်ပေးလိုက် ရပါရောလား ...

အဲ့လိုဆို ... ခပ်ဆိုးဆိုး ရည်းဇားတွေ
ကျုပ်ထားခဲ့ဖူး ပါတယ်ဗျာ
သူ့လောက် မဟုက်ပါဘူး
ခုဟာက လွန်ကို လွန်လို့ ပြောတာ

မိန်းကလေးဖြစ်ပြီး ညစ်ပတ်လိုက်တာလည်း လွန်ရော

တစ်ခါတုန်း ကလည်း မနက်စောစော
မြို့ထဲ လျှောက်လည်ဖို့ ချိန်းထားတာ
တစ်နာရီလောက် နောက်ကျပြီးမှ ထွက်လာတယ်
လာတော့လည်း ကြည့်အူး
မျက်နှာပြောင်နဲ့

မေးကြည့်တော့မှာ
အိပ်ယာထ နောက်ကျနေတာတဲ့
စိတ်ဆိုးနေမှာ ဆိုးလို့ ဒီတိုင်း ထွက်လာတာ
မျက်နှာတောင် မသစ်ရသေးဘူး ဆိုလား

ဒါနဲ့ ရေသန့်တစ်ဘူး ဝယ်ပေးလိုက် တော့မှ
လမ်းဘေး မျက်နှာသစ်ရင်း
အသင့် ယူလာတဲ့ သွားတိုက်ဆေးနဲ့ သွားပွတ်တံကို ထုက်
သွားကို တဗျင်းဗျင်း တိုက်နေသေးတာ
လုပ်ပုံ ကြည်ကြအူး ...

ကားစီးရင် သရေ တများများနဲ့ ငိုက်ပြီ
ခုဆို လိုင်းကားကို မစီးရဲ တော့ဘူး
လူတွေရှေ့မှာ သူ့အစား ကျုပ် ရှက်လွန်လွန်းလို့

ပန်းခြံထဲရောက်ပြီဆိုတာနဲ့
လာပြန်ပြီ နောက်တစ်မျိုး

" ကိုကို ဖုန်းလေးနဲ့ ... သဲကို ဓာတ်ပုံ ရိုက်ပေးနော် "
" စနပ်ရှော့နော် ... ရိုးရိုး ဟုက်ဘူး "

အဲ့ဒီချိန်က စပြီး ပန်းခြံထဲမှာ
သူလုပ်နေတဲ့ အရူးချီးပန်း အိုင်တင်တွေကို
ကျုပ်ခမျာ စနပ်မရှော့, ရှော့အောင်
မှတ်တမ်း တင်ရတော့ တာပါပဲ ....

အဲ့သလို တစ်နေ့ တစ်မျိုး မရိုးရအောင်
သူပေးတဲ့ ပညာတွေက ကျုပ်အဖို့ သင်ခန်းစာ အသစ်တွေကြီးပဲ

ညဘက်အိပ်ချိန်ဆိုလည်း
နားထောင်ချင် နားမထောင်ချင် မမေးဘူး
ဇွတ် သီချင်း လာဆိုပြသေးတာ

သီချင်း ဆိုမှန်းမသိ
ပဌာန်းရွတ်မှန်း မသိတဲ့
သူ့ပါရမီလည်း ကျုပ်လေးစား ရသေး
အင်ထရိုမှာတင် အိပ်အိပ်ပျော်သွားလို့
သီချင်း ပြီးအောင် နားမထောင်ရ ကောင်းလား ဆိုပြီး
စိတ်ဆိုး စိတ်ကောက်လည်း ခံရသေး

ဘဝအဆက်ဆက်က ပြုခဲ့ဖူးတဲ့ အကုသိုလ်ကံတွေ
ဒီဘဝမှာ လာပြီး စုခံရတာ နေမှာ
ဒီဝဠ်ကြွေးကို ဒီဘဝမှာတင် ကုန်အောင် ဆပ်မယ်လို့
ဆုံးဖြက်ထားလို့ ကျုပ် မငြိုညင် ပါဘူးလေ ....

" ကိုကို ... သဲ လက်ကိုင်အိတ်ထဲမှာ
ထုံးဗူး ပါတယ် ယူလိုက် "

အမ်
" ထုံးဗူး "
ဘာလုပ်ဖို့များ ပါလိမ့်ပေါ့

" ရော့ ... ဒီထုံးလေးကို နည်းနည်းချင်း ယူပြီး
သဲကို ဂျိုင်းမွှေး နူတ်ပေးနော် ကိုကို "

ဘာာာာာာာာ !
များသွားပြီး
လူကို မခန့်လေးစားနဲ့
ဂျိုင်းမွှေး လာနူတ်ခိုင်းရ တယ်လို့

" မနူတ်ဘူး "
" လုံးဝ မနူတ်နိုင်ဘူး "

" နူတ်ပေး ကိုကိုရာ "
" နည်းနည်းလေး ရှိတာပါ "

" နည်းလည်း မနူတ်ဘူး "
" များရင် ပိုဆိုးတယ် "
" ဖြစ်ချင်ရာဖြစ် မနူတ်ပေးနိုင် ဘူးကွာ "

" ရတယ် ... ကိုကို "
" ကိုကိုက ဒါလေး နူတ်ခိုင်းတာကို
သိက္ခာတရားတွေ ဘာတွေ ထည့်တွက်ပြီး သက်သက် ဂျေဝင်တယ်ပေါ့ "
" ချစ်သူနှစ်ဦးမှာ ဒီလိုပြုစုမု့တွေ လိုအပ်တယ် ဆိုတာ
ကိုကိုတစ်နေ့ ကောင်းကောင်းကြီး သိလာမှာပါ "
" ကိုကိုသာ ... သဲကို နူတ်ခိုင်းကြည့်
ဂျိုင်းမွှေး မဟုက်ဘူး ဘာမွှေးဖြစ်ဖြစ် ကြည်ကြည်ဖြူဖြူ နူတ်ပေး မှာပါ "
" ခုတော့ .. ကိုကိုဘက်က တစိမ်းဆန်မူ့ တွေကို
မြင်လိုက်ရပြီ ဆိုတော့ "

" ကိုကို .. သဲတို့ လမ်းခွဲလိုက်ကြရအောင် "

" ရတယ် .. ခွဲလေ , ခွဲချင်နေတာ ကြာပြီ "
" ဒါတ် မခံနိုင်တော့တာ ကြာပြီ "

" နူတ်ဆက်ပါတယ် ... ကိုကို "
" ကိုကို အချစ်စစ်နဲ့ တွေ့နိုင်ပါဇီ လို့ ဆုတောင်း ပါတယ် "

" ကြွကြွ မြန်မြန်ကြွ "
" ငါဟာငါ .. အချစ်စစ်နဲ့ မတွေ့ရင် နေပါစေ
နင်တုန်းကလို ဂျိုင်းမွှေး မနူတ်ခိုင်းရင် တော်ပြီ "
" နင်သာ .. ဂျိုင်းမွှေး နူတ်ပေးနိုင်မဲ့ ကောင်နဲ့
မြန်မြန် တွေ့ပြီး နင့်ဂျိုင်းမွှေးတွေ မြန်မြန် ရှင်းပါစေ လို့
ငါ ဆုတောင်းပေးလိုက်မယ် သက်လား ... "

ဘယ်ရမလဲ ... ဒီလို လာစော်ကားတာမျိုး ကတော့

ပထမ ဆံပင်ဖြူ
ခု ဂျိုင်းမွှေး
နောက်တစ်ခါဆို ဘာများလဲ
ကျုပ်ဖြင့် တွေးတောင် မတွေးရဲဘူး

အဲ့ဒီနေ့က
ငတိမနဲ့ ပျက်သွားတဲ့ ကျုပ်
ဒီနေ့ထိ အိပ်လို့ စားလို့ ကောင်းတုန်း
ရည်ဇားထားမယ် ကြံပြန်ရင်လည်း
ဒင်းမျက်နှာ ပြန်ပြန် မြင်နေလို့
မိန်းမဆိုရင် အိမ်က လျှပ်စစ်မီး မိန်းတောင် မ , မ ဘူး
ဓာတ်လိုက်မှာ ဆိုးလို့ ..... ။

Credit: ကိုပြည့်
Powered by Blogger.