ရေကျော်ပွဲဈေးက ဘိုးတော်ကို လှောင်ပြောင်ကြတဲ့ လူငယ်များရဲ့ ထိတ်လန့်စရာ ဖြစ်ရပ်



ရေကျော်ပွဲဈေးတွင် ဘိုးတော်တစ်ယောက် ဗေဒင်ဟောနေတာကို ဘေးကလူငယ်အုပ်စု ၄/၅ ယောက်က လှောင်သလိုလို ပြောင်သလိုလိုနဲ့ မျက်နှာပြောင်နေကြသည်။ ကြာလာတော့ ဘိုးတော်လဲ ဒေါသထွက်လာပြီး

“ဟေ့ကောင်တွေ မင်းတို့ငါကိုဘာထင်နေလဲ၊ ငါကျိန်စာတိုက် အင်းခွက်ရေးလိုက်ရင် မင်းတို့ဘဝတွေဘာဖြစ်သွားမယ်ထင်လဲ!´´

အဲ့ဒါကို လူငယ်အုပ်စုက မကြောက်တဲ့အပြင် ခွက်ထိုးခွက်လန် ဟားတိုက်ရယ်မောပြီး လှောင်ပြောင်နေကြသေးသည်။

ဒါပေမယ် ချက်ချင်းဆိုသလိုပဲ သူတို့မျက်လုံးတွေ ဘာမှမမြင်ရတော့ပဲ တစ်လောကလုံး မှောင်မဲသွားလေတော့သည်။

အဲ့သည့်တော့မှ သူတို့လဲ အသိတရားဝင်လာကြပြီး

“အဖိုးရယ်သားတို့မှားသွားပါတယ်၊ သားတို့ကိုခွင်လွှတ်ပေးပါ´´

အဲချိန်မှာ ဘိုးတော်ပြန်ပြောလိုက်တဲ့စကားက

“မသာတွေ ငါဘာမှ မလုပ်ရသေးဘူး မင်းတို့ပထွေး EPC က မီးဖြတ်လိုက်တာကွ၊ ငါလဲဘာမှမမြင်ရတော့ဘူး”

အဟက် ဟက်

Credit : Min Thu Nyo Win
Powered by Blogger.