တော်သေးတယ် ငါလူလည် မို့လို့တဲ့
ဟိုး....ရှေ့ရှေ့တုန်းကပေါ့ တောင်ပေါ်ရွာလေးက ကရင်တစ်ယောက်ဟာ မြို့ပေါ်က ဘုရားပွဲကို သွားလည်တာပေါ့.....
သူစိတ်ထဲမှာ တွေထားတာက သူ့ကိုတောသားလို့ မထင်ခံရအောင် နေမယ်ပေါ့...
ဘာဖြစ်လို့လဲဆိုတော့ တောင်ပေါ်က သူ့ရွာလေးမှာက သူက လူတွင်ကျယ်ကိုး။ တစ်မျိုးပြောရရင် လူလည်ကြီးပေါ့ဗျာ.....
တောင်ပေါ်နဲ့ မြို့နဲ့ကသွားရေး လာရေးက ခြေလျှင် လျှောက်ရတာပေါ့။ မိုးကလည်း ချုပ်နေတာဆိုတော့ သဲသဲကွဲကွဲ မမြင်ရဘူးလေ....
အဲဒါနဲ့ မြို့ထဲက ပွဲခင်းနား ရောက်ခါနီးမှာ ရွှံ့လိုလို ဘာလိုလို ဟာလေတစ်ခု သူနင်းမိ မလိုဖြစ်သွားတယ်......
ဒါနဲ့သူက
“အမလေး....လေး... တော်သေးလို့ နင်းမိတော့မလို့” ဆိုပြီး လက်နဲ့တို့ပြီး နမ်းကြည့် လိုက်တော့ ရွှံ့လိုလို၊ ချီးလိုလို ဖြစ်နေတာနဲ့ လျှာနဲ့တို့ကြည့်လိုက်တယ် ဘာလဲဆိုတာ သူသိသွားတယ်....
“ဟ... ချီးတွေဟ....ကံကောင်းလို့ နင်းမိတော့မလို့....သို့မဟုတ်ရင် မလွယ်ဘူး...တော်သေးတယ်..ငါလူလည်မို့”တဲ့.....။
