အောက်စလွတ်နေတဲ့ ကောင်မလေးနဲ့ မျက်နှာချင်းဆိုင် ထိုင်မိသောအခါ



တနေ့ကပေါ့ ဘဏ်မှာ ငွေသွားထုတ်တာ မှတ်ပုံတင် ပေးပြီး အလှည့် မရောက်ခင် ခဏ ထိုင်စောင့်နေ ရတယ် ။ မျက်နှာချင်းဆိုင် ခုံတန်းမှာ အမျိုးသမီးတွေချည်း ဆိုတော့ တဖက် ခုံတန်းမှာ ဝင်ထိုင် မိတယ်။ ယောက်ျားသား ဆိုလို့ ကျနော် တယောက်တည်း။ ခပ်တည်တည်နဲ့ ထိုင်ပြီး ဘာရယ်မဟုတ်ပဲ ရှေ့က အမျိုးသမီးတွေဆီ အကြည့်ရောက်သွားတာ

အလိုလေး … ကောင်မလေး တယောက်က လိုင်းသုံးရင်း အောက်စ လွတ်နေတယ်လေ။ ခက်တော့ ခက်ချေပြီ မျက်နှာပူလိုက်တာ ဘယ်လို အသိပေးရပါ့မလဲ။ ကောင်မလေးက ချောချော လှလှလေး။ အပြောမတတ်ရင် ကိုယ့်ပါ နှာဗူး ထင်နေအုံးမယ် ။

ဟဲ့ကမလေး … အောက်စလွတ်နေတယ်။ အင်းအဲ့လို ပြောလို့လည်း မဖြစ်သေး။ စဉ်းစားစမ်း ကျော်ကြီး စဉ်းစားစမ်း ငယ်ငယ်က ပေါက်တတ်ကရ ဆိုခဲ့ဖူးတာ သွားသတိရမိတယ်။ ဘာတဲ့ အောက်ကပေါ် အမြောက်နဲ့ဆော် ရန်ကုန်ဗူးသီးကြော်… ဟုတ်ပြီ။

“ညီမ”

” ဘာလဲရှင့် ”

” ဟိုလေ … … ရန်ကုန်ဗူးသီးကြော်… ”

” အာ … ကျွတ် … ဘဏ်ထဲလာပြီး ဘာတွေ လာမေးနေတာလဲ”

ဖုန်း ဆက်ပွတ်နေ ပြန်တယ် ဒွတ်ခပဲ။ အဲ … … ဟုတ်ပြီ  သံချပ် … သံချပ်ထိုးတဲ့စကားလုံး… တို့ကြီးတော်ကြီး အိပ်လို့ပျော် အမြင်မတော် ဖုံးလိုက် ဖိလိုက်  ဒါမဆိုးဘူး။

“ညီမလေး”

“ပြောလေ”

“တို့ကြီးတော်ကြီး အိပ်လို့ပျော် … … … …”

” ရှင် ဘယ်လို ဖြစ်နေတာလဲ … ”

ပြောပြီး ဖုန်းဆက် ပွတ်နေပြန်ရော။ ကတောက်စ်ထ်  ဟုတ်ပြီ။ သူက လိုင်းသုံးနေတာဆို တော့ ဖေ့စ်ဘုတ်မှာ ဘယ်လို သုံးပါလိမ့်… မေးမေဆိုင်းဘုတ်  ကဲကွာ။

” ညီမလေး ဟွာလေ … ဆိုင်းဘုတ်”

” ရှင်ကတော့လေ …… ဟိုမှာ မတွေ့ဘူးလား”

အေးအေး ဆေးဆေး ဖုန်းဆက် ပွတ်နေပြန်တယ်။ ပြဿနာပဲ။ Pussy လို့ပြောရင်ကော… မထူးပါဘူး…။

” ညီမလေး ပူစီ … …”

” ရှင် ဘယ်လိုဖြစ်နေတာလဲ … ဘဏ်ထဲမှာ ကြောင် ရှိမလားရှင့် ”

” ငှင့် ”

ပြောပြီး ဖုန်းဆက်ပွတ်နေ ပြန်ပါရော…။ ဟာကွာ… မထူးတော့ပါဘူး…။

” ဟွာလေ … ညီလေး ကင်မရာ ပွင့်နေတယ် ”

” မပွင့်ပါဘူး… ပိတ်ထား ပါတယ် ”

အဲဒီအချိန်မှာ ငွေထုတ်လို့ရပြီ ဆိုတော့လည်း မပြောမဖြစ် ပြောရတော့တယ်…။

” ဒီမယ် ညီမလေး… ”

” ဘယ်လို ဖြစ်နေတာလဲ … ရှင် ကျမကို အမျိုးမျိ နှောင့်ယှက်နေတာနော်”

” အစ်ကို စကားတစ်ခွန်းလောက် ပြောချင်တယ်”

” အဟင်း ဟင်း… ခုတွေ့ ခု ရည်းစားစကား ပြောမလို့ပေါ့လေ ”

” မဟုတ်ပါ ဘူးကွာ ”

” ဒါဆိုရင် ဘာပြောမလို့လဲ ”

” နင့် ရှေ့က ဖင်ပေါ် နေတယ်လို့ ”

ပြောပြီး ပြေးထွက်လာ ခဲ့ရတယ်…။ ရှက်လိုက်တာဗျာ .... .... အဟီး … ။

Ko Gyi Kyaw


Powered by Blogger.